Etymotic ER4S microPro (Review)

etymotic ဟာ နားကြပ်တင်မက Hearing Device တွေပါထုတ်တဲ့ ကုမ္ပဏီပါ။ Ear Canal နဲ့ပတ်သတ်ပြီး device တွေကိုဘယ်လို design ထုတ်ရမလဲဆိုတာ ကောင်းကောင်း အတွေ့အကြုံရှိပါတယ်။ အခုထက်ထိကို Noise Cancellation အပိုင်းနဲ့ပတ်သတ်ပြီး Active နဲ့ Passive ဆိုပြီး နှစ်မျိုးရှိတာမှာ Active Noise Cancellation ကတော့ အားလုံးသိကြတဲ့ အတိုင်း Electrionic Chipset ထဲမှာ အပြင်က Noise နဲ့ တူညီတဲ့ frequency တစ်ခုကို ပြန်ထုတ်ပြီး diffuse လုပ်တာဖြစ်ပြီး Passive Noise Cancellation ကတော့ နားကိုလုံအောင်လုပ်တာပါ။ ဒုတိယဟာက ပိုလွယ်မယ်လို့ ထင်ရပေမယ့် တကယ့်တကယ် အသံကိုလုံအောင် လုပ်ဖို့ဆိုရာမှာ ဒီဇိုင်း အနေအထားက ထင်သလောက်မလွယ်ပါဘူး။ စျေးကွက်ထဲမှာရှိတဲ့ Earbud ထဲမှာမှ အတော်နည်းနည်းကပဲ အဲဒီအနေအထားကို ဖန်တီးနိုင်တာပါ။ ဒါက ဒီဖက်မှာရှိတဲ့ bottleneck တစ်ခုပါ။ အခု etymotic ရဲ့ Three flannel ပုံစက isolation အကောင်းဆုံး နီးပါးပေးနိုင်တဲ့ design တစ်ခုပါ။ သူရဲ့ flagship series တွေဖြစ်တဲ့ ER series တွေကော အခုနောက်ပိုင်းထုတ်တဲ့ Mk5 လိုမျိုးမှာပါ isolation အပိုင်းကတော့ ဘာမှ ပြောစရာမရှိပါဘူး။

သူ့ကိုဝယ်ရင် ပါတဲ့ ပစ္စည်းတွေကတော့ အိတ်အကြီးနဲ့ အသေး တစ်ခု ၊ အသေးက တော်တော်သေးတယ်။ ဘောင်းဘိအိတ်ထဲထည့်လို့်ရတယ်။ နှစ်ခုစလုံးက hardcase မဟုတ်ရင်တော့ ပြုတ်ကျရင် အတော်အတန် ဒဏ်ခံနိုင်မယ် ထင်တယ်။ ပြီးရင် Sound Engineer တွေစစ်ပြီး လက်မှတ်ထိုးထားတဲ့ Certificate လိုတစ်ခုပါတယ်။ ပြီးရင် 3.5 jack အကြီးတစ်ခုပါတယ်။ ကျန်တာကတော့ Eartips တွေ လေးငါးစုံလောက်ပါတယ်။ Three Flannel ကို အကြီးနဲ့အသေးပုံစံမျိုးရယ် ၊ Screwdriver လို ပုံစံမျိုးရယ် Memory Foam Eartips ပါတယ်။ Memoryfoam ကတော့ comfortable ဖြစ်ပေမယ့် အသံမလုံဘူးဆိုလို့ အခုထက်ထိတော့ စမ်းနားမထာင်ကြည့်ရသေးဘူး။

နားထောင်ကြည့်ရင် မိုက်တာတစ်ခုကတော့ သူ့ရဲ့ tuning ပါ။ driver အနေနဲ့ BA driver တစ်လုံးပဲပါပါတယ်။ တစ်လုံးပဲပါလို့ နှစ်လုံးပါလို့ အသံကောင်းတယ်မကောင်းဘူးဆိုတာကတော့ တရုတ်က Marketing Gimmick တစ်ခုလိုပါပဲ။ အဲဒီပေါ်မှာ မူတည်လှတယ်တော့ မဟုတ်ပါဘူး။ driver များလာလေလေ frequency range တစ်ခုကနေ ဘယ် driver ကနေ ဘယ် driver ပြောင်းသုံးမလဲ စတဲ့အချိန်မှာ smooth ဖြစ်အောင် transition လုပ်ဖို့ ခက်ပါတယ်။ Sony ရဲ့ Flagship Z1R တို့လောက်မှာပဲ သုံးလုံးလောက်ပါတာပါ။ Senheisser IE80 ဆိုလည်း တစ်လုံးလားပဲပါပါတယ်။

သူနဲ့ပတ်သတ်ပြီးက သူပေးတဲ့ Certificate ကိုဖတ်ကြည့်ရင်ပဲဖြစ်ဖြစ် Review တွေကို ဖတ်ကြည့်ရင်ပဲဖြစ်ဖြစ် သိသာပါတယ်။ Linus Tech Review ကပြောသလိုဆိုရင် Senheisser ရဲ့ IEM တွေနဲ့ လုံးဝ ပြောင်းပြန်ပါ။ IE80 က Warm ဖြစ်တဲ့ signature ကိုသွားသေးတယ်။ သူကတော့ လုံးဝ Flat ပါ။ Bass ကြိုက်တဲ့သူတွေကတော့ သိပ်မကြိုက်လောက်ပါဘူး။ သူ့ရည်ရွယ်ချက်ကိုက Record လုပ်ထားတဲ့ အသံအတိုင်း အတိအကျ ကြားရအောင် ဖန်တီးထားတာပါ။ နားထောင်ကြည့်ရသလောက် High နဲ့ low ကတော့ တော်တော်မိုက်တယ်။ Vocal တွေဆိုရင် ရှေ့ထွက်လာသလိုခံစားရတယ်။ Isolation အသေကောင်းတော့ သီချင်းနားထောင်ရင် နစ်ဝင်သွားသလိုပဲ။ ကျွန်တော် နားထောင်ဖူးသမျှ နားကြပ်တွေထဲမှာ immersive အဖြစ်ဆုံး ခံစားရလို့ ဝယ်လိုက်တာပါ။ Sound Stage လည်း နားကြပ် အနေအထားမှာ အတော်ကောင်းပါတယ်။ Open Back Headphone တွေနဲ့တော့ ယှဉ်လို့မရဘူးပေါ့။

လက်ရှိအနေအထားမှာ သိပ်မကြိုက်တာက bass နည်းနည်းလိုသလိုပါပဲ။ ဒါကလည်း DAC နဲ့ Amp ဝယ်လိုက်ရင် ဖြည့်လို့ရမယ့် အနေအထားလို့ ထင်တာပါပဲ။ နောက်တစ်ခုကတော့ တပ်ရတာ နည်းနည်းတော့ ကိုးလို့ကန့်လန့်နိုင်တယ်။ နားထဲကို တော်တော်ကြီးကို ထိုးထည့်လိုက်ရတာကိုး။ အစောပိုင်း အသားမကျရင် သိပ်ကြာကြာမတပ်နိင်ပေမယ့် အခုတော့ မဆိုးပါဘူး အသားတော့ကျသွားပြီ။ အသံစမ်းနားထောင်တာပဲဖြစ်ဖြစ် Review ကြည့်ချင်ရင်ဖြစ်ဖြစ် အောက်က ဗီဒီယိုမှာကြည့်နိုင်ပါတယ်။ Oluv ပြောသလိုပဲ သူ့ design က နည်းနည်း ဆန်းဆန်းဆိုတော့ Sound test လုပ်ဖို့တော့ နည်းနည်းခက်ပါတယ်။ ဒါပေမယ့် အကြမ်းဖြင်း ဘယ်လို အသံထွက်လဲဆိုတာကတော့ မှန်းကြည့်လို့ရပါလိမ့်မယ်။