FF7R နှင့် ကျွန်တော်
ကိုယ်ပထမဆုံး စဆော့ဖြစ်ခဲ့တဲ့ Final Fantsay Series က Final Fantasy IV ဆိုပေမယ့် တကယ်တမ်း FF Series ကို အရမ်းစွဲလမ်းသွားတာက Final Fantasy 7 လို့ပဲ ပြောရမယ်။ ပထမဆုံးစဆော့ဖြစ်ခဲ့တုန်းက အရမ်းလည်းငယ်သေးတော့ ကိုယ့်ဟာကို ဘာတွေလုပ်ခဲ့သလဲဆိုတာလည်း သေချာမမှတ်မိတော့ဘူး။ အဲ့တုန်းက အမြဲမှတ်မိနေတာဆိုလို့ Cloud တစ်ယောက် crossdressing လုပ်တဲ့အခန်းရယ်။ Aerith သေသွားတဲ့အခန်းရတယ်။ နောက်ဆုံးခန်းက ending scene လေးရယ်လောက်ပဲ။ နောက်နည်းနည်း အရွယ်ရောက်လို့ ပြန်ဆော့ကြည့်တော့မှ Hidden unlock လို့ရတဲ့ ဇာတ်ကောင်တွေလည်း ရှိတယ်ဆိုတာကို သိခဲ့တာ။
အခုလည်း လာမယ့်နှစ်မှာ Final Fantasy VII Remake ကို Playstation 4 မှာ မြင်ရတော့မယ်။ အများကြီးလည်း မျှော်လင့်ထားတယ်။ First release အနေနဲ့က Midgar တစ်ခုပဲပါဖို့များတယ်။ လုံးဝ World Map ကြီးတစ်ခုလုံး ပါလာဖို့ကတော့ လအနည်းငယ်စောင့်ရမယ်ထင်တယ်။ အနညန်းဆုံး Gold Saucer အထိမပါသေးရင်တော့ အရှေ့ဘက်ခြမ်းက Chocobo Farm တို့ Fort Conder တို့ပါရင်ကို တော်တော်ကြာကြာလေး ကစားရအုံးမယ်။ World Map မှာ မူရင်းဂိမ်းမှာလိုမျိုး Random encounter တွေနဲ့လာမယ်ဆိုရင်တော့ Yuffie ကိုပါ မြင်ရကိန်းရှိတယ်။ အဲ့လိုမဟုတ်ပဲနဲ့ Hidden Side Quest ပုံစံမျိုးလေးဆိုရင်လည်း မဆိုးဘူး။ စိတ်ထင်တာကတော့ FFXV လိုမျိုးပဲ ရန်သူတွေက မြေပုံပေါ်မှာ ပေါ်ပြီးသားဆိုရင်တော့ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ သတ်မှတ်ထားတဲ့နေရာသွားမှ event trigger ဖြစ်ပြီးတွေ့တာမျိုလည်း ဖြစ်လာနိုင်တာပဲ။ အဲ့ဒီလိုမျိုးတွေ စဉ်းစားရင်းနဲ့ကို မထွက်လာသေးတဲ့ဂိမ်းကို hype နေတာ။
လက်ရှိထွက်လာခဲ့သမျှ FF7R trailer တွေ demo gameplay တွေ ကိုကြည့်လိုက်ရင် တတ်နိုင်သမျှ original နဲ့ မကွာခြားအောင် လုပ်ထားတာတွေ့ရတယ်။ Side character တွေအများကြီးပါပေမယ့် တစ်ယောက်ခြင်းစီအတွက်ကို သေချာအသေးစိတ်လုပ်ထားတာတွေကို တွေ့ရတယ်။ AVALANCHE အဖွဲ့ဝင်တွေအပြင် Turk တွေအကုန်လုံးနီးပါးကိုလည်း မြင်ရဖို့များတယ်။ လက်ရှိကတော့ Reno၊ Rude နဲ့ Tseng တို့ကိုတော့ ပြပြီးသွားပြီ။ အခု first release မှာ Elena ကိုတော့ မြင်ရဖို့ သိပ်မသေချာပေမယ့် Mythril Mine အထိပါလာရင်တော့ မြင်ရမှာသေချာတယ်။
Final Fantasy 7 series တစ်ခုလုံးကို Remake လုပ်မယ်ဆိုရင် Before Crisis, Dirge of Cerberus နဲ့ Crisis Core ကိုပါ DLC အနေနဲ့လုပ်မယ်ဆိုရင်ကောင်းမယ်။ ဒါဆိုရင်လုံးဝကို Complete Compilation of Final Fantasy VII Remake ဖြစ်သွားမှာ။ Genesis တို့ Zack တို့ကိုပါ Remake မြင်ရမယ်ဆိုတော့ သေပျော်ပါပြီ။ FF8 ကတော့ မကြာသေးခင်ကမှ Remaster ထွက်ထားတော့ သူ့ကို Remake ရဖို့ကတော့ သိပ်မသေချာဘူး။ Remake တွေထဲမှာ အဖြစ်စေချင်ဆုံးကတော့ Final Fantasy Tactics ပဲ။ အရမ်းကောင်းသလို အရမ်းလည်း ကြိုက်တဲ့ရတဲ့ဂိမ်းတစ်ခုဆိုလည်း မမှားဘူး။ Final Fantasy XIV ရဲ့ The Legend Returns patch မှာ အဲ့ထဲက ဇာတ်ကောင်တွေ၊ BGM တွေကိုပြန်သုံးထားတယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ နောက်မှပဲ အသေးစိတ်ပြန်ရေးတော့မယ်။ အခုကတော့ ကျန်ရှိနေသေးတဲ့ရက်တွေကို လက်ချိုးရေတွက်ပြီးတော့ စောင့်လိုက်အုံးမယ်။ အနှစ် (၂၀) ကျော်တော် စောင့်ခဲ့ပြီးပြီးပဲ...