MMORPG ဆော့တော့မယ်ဆိုရင်
အများအားဖြင့် မြန်မာဂိမ်း community တွေမှာ MMORPG တွေနဲ့ပတ်သတ်ပြီး မေးလေ့ ပြောလေ့ရှိတာက ဘယ် MMORPG က အကောင်းဆုံးလဲ။ ဘယ်ဟာက ဆော့လို့ပိုကောင်းသလဲ စသည်ဖြင့်ပေါ့။ အဖြေတွေကလည်း အမျိုးမျိုးပဲ။ ဒါပေမယ့် ဘယ်လိုအဖြေတွေပဲပေးပေး နောက်ဆုံးတကယ်ဆော့ပြီဆိုရင် တစ်လလောက်ကြာတာနဲ့ ဆက်မဆော့ဖြစ်တော့ပဲ တခြားဂိမ်းတွေပြောင်းဆော့သွားကြတာများတယ်။ ဘာကြောင့်လဲလို့ သေချာကြည့်လိုက်မယ်ဆိုရင် အချက်တော်တော်များများက သွားတူနေတာကို တွေ့ရတယ်။
ကိုယ့်အကြိုက်မဟုတ်ဘူး
MMORPG တွေ အများကြီးရှိသလို ဇာတ်လမ်း နဲ့ gameplay တွေမတူတဲ့ ဂိမ်းတွေလည်း အများကြီးပဲ။ တစ်ချို့ကတော့ graphic ကောင်းတာကြိုက်တယ်၊ ရုပ်လှတာလေးတွေကို နှစ်သက်တယ်။ တစ်ချို့ကျတော့ ဇာတ်လမ်းကောင်းတာကိုကြိုက်တယ် roleplay လုပ်ရတာကို နှစ်သက်တယ်။ တစ်ချို့ တစ်ချို့ကျတော့ gameplay ကိုနှစ်သက်တယ်။ ဥပမာပြောရရင် Black Desert Online က ရုပ်ထွက်ကောင်းပေမယ့် gameplay ပိုင်းကျတော့ အားသိပ်မရဘူး။ World of Warcraft ကျတော့ gameplay ကော ဇာတ်လမ်းကော ကောင်းပေမယ့် ဆယ်နှစ်ကျော်လောက်ကြာပြီဖြစ်တဲ့ game ဆိုတော့ နောက်ပိုင်းထွက်တဲ့ game တွေကိုဘယ်လိုမှ Game Engine ပိုင်းမှာ မယှဉ်နိုင်ဘူး။ ဇာတ်ကောင်ရုပ်တွေက ကြည့်မကောင်းဘူး။ ဆော့နေတဲ့သူအများစုကလည်း နှစ်နဲ့ချီပြီးဆော့နေကြတဲ့သူတွေ များတယ်။
တစ်ချို့ကျတော့ Elder Scroll Online တို့ World of Warcraft တို့လိုမျိုး စစ်တိုက်ရတာမျိုးကို ကြိုက်တယ်။ တစ်ချို့ကျတော့ Guild War 2 တို့ Black Desert Online တို့လိုမျိုး Graphi လှလှနဲ့ ဆော့ရတာမျိုးကို နှစ်သက်တယ်။ တစ်ချို့ တစ်ချို့ကျတော့ Final Fantasy XIVလိုမျိုး ဂျပန် roleplay ဆန်ဆန်တွေကိုဆော့ချင်တယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။
သူငယ်ချင်းမရှိဘူး
Massively multiplayer ဆိုတဲ့အတိုင်း mmorpg တွေကိုဆော့ပြီဆိုရင် တစ်ချို့အရာတွေက တစ်ယောက်ထဲလုပ်လို့ မရအောင်ကို တမင်တကာလုပ်ထားတာ။ ဥပမာ Dungeon တွေဝင်မယ်ဆိုရင် တစ်ယောက်ထဲဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အနည်းဆိုတော့ ကိုယ်နဲ့အတူတူဝင်မယ့်သူကို ရှာရတယ်။ ဟိုးအရင်တုန်းကတော့ အဲဒီပြဿနာက အကြီးကြီးဆိုပေမယ့် အခုကျတော့ Game အများစုမှာ Group finder တွေထည့်ပေးထားတော့ သိပ်ပြီး မသိသာပေမယ့်လည်း တကယ်တမ်း level 1 ကနေ စဆော့ပြီဆိုရင်တော့ level 25-30 လောက်ဆိုရင် တစ်ယောက်ထဲဆော့ရတာ ပျင်းလာတာများတယ်။ နှစ်နဲ့ချီပြိး expansion တွေအများကြီးရှိနေတဲ့ ဂိမ်းတွေဆိုပိုဆိုးတယ်။ အများအားဖြင့်က high level တွေဆိုတော့ low level ကနေ အခုမှစဆော့မယ့်သူတစ်ယောက်အတွက်က maximum level ရောက်ဖို့ကို ပုံမှန်အားဖြင့် တစ်လကျော် နှစ်လလောက် ကစားရတယ်။ အဲ့ဒီကာလအတွင်းမှာ ပျင်းပြီး ဆက်မဆော့ဖြစ်တော့တဲ့သူတွေမှ အများကြီးပဲ။
တစ်ယောက်ထဲဆော့တယ်ဆိုတဲ့နေရာမှာ level အတူတူလိုက်ဆော့တာမျိုးကို ပြောတာမဟုတ်ပဲ ကိုယ်ဆော့နေတဲ့ အချိန်မှာ ကိုယ်ပျင်းမသွားအောင် စကားပြောနေတာကိုပြောချင်တာ။ ဂိမ်းတော်တော်များများမှာ Guild တွေရှိတယ်၊ Guild chat တွေရှိတယ်။ တစ်ချို့ကျတော့ အဲ့ဒီနေရာတွေမှာ စကားတွေ ပြောရင်းနဲ့ ဆော့နေရတာကို နှစ်သက်တယ်။ အများစုက နှစ်သက်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ရင်းနှီးမှုရသလို အကူအညိလိုရင်လည်း ပြန်ရတာများတယ်။ အဲ့ဒါကြောင့်လည်း တစ်ချို့ Guild တွေက active မဖြစ်တော့ပဲ တစ်ချို့ကျတော့လည်း နှစ်နဲ့ချီပြီး ရှိနေကြသေးတာပေါ့။
စာဖတ်ဖို့ပျင်းတယ်
စာဖတ်တဲ့ပြဿနာကတော့ ဘယ် mmorpg မှာမဆိုရှိတာပဲ။ အများအားဖြင့်က စာဖတ်ပျင်းတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ပျင်းတယ်၊ Side-quest တော်တော်များများဆိုရင် skip တာများတယ်။ ဂိမ်းရဲ့ ဇာတ်လမ်းနဲ့လည်း ဘာမှမသက်ဆိုင်သလို ဒီအတိုင်း level တက်လွယ်အောင် Experience point နဲ့ reward ပေးတာလောက်ပဲရှိတာ။ ဒါပေမယ့် ဒီနေရာပြောချင်တဲ့ စာဖတ်ပျင်းတယ်ဆိုတာက အဲ့ဒါကိုဆိုလိုချင်တာမဟုတ်ဘူး။ Game ထဲမှာ ဘာလုပ်ရမယ်မှန်းမသိရင် ကိုယ်တိုင်ရှာဖတ်ဖို့ မကြိုးစားပဲ၊ လူတကာကို လိုက်မေးတာ။ တစ်ချို့ဟာတွေက မသိနားမလည် မရှင်းလို့မေးတာရှိပေမယ့် တစ်ချို့ဟာတွေကျတော့ ၁+၁+၂ လောက်လေးကို ရေးကြီးခွင်ကျယ်မေးတာ။ တစ်ချို့သိတဲ့သူတွေက သေချာရှင်းပြပေးပေမယ့် ဒါကြီးပဲ ထပ်ခါထပ်ခါဆိုတော့ ကျလာတော့လည်း စိတ်သိပ်မရှည်ချင်တော့ဘူး။ အဲ့ဒါနဲ့ ခပ်မာမာပြန်ပြောမိရင် drama တွေဖြစ်ပြီး ပြဿနာတွေကတက် နောက်ဆုံး game ပါဆက်မဆော့တာပဲ။ ဘယ်သူကမှ အစပိုင်းမှာ မသိကြဘူး။ ဒီလိုပဲ reddit တွေမှာဖတ်တယ်၊ game forum တွေမှာဖတ်တယ်၊ YouTube မှာ guide တွေရှိတယ် ကြည့်တယ်။ mmorpg တွေနဲ့ပတ်သတ်ပြီး resources တွေက ဟိုးအရင်နှစ်တွေတုန်းကလိုမျိုး မနည်းတော့ပါဘူး။ အဲ့တော့ မရှင်းတာရှိရင် မေးပါ၊ မသိတာရှိရင် ကြိုးစားရှာကြည့်ပါ။
အချိန်မရှိဘူး
MMORPG ရဲ့ပြဿနာက တကယ်တမ်းဆော့ပြီဆိုရင် တခြားဂိမ်းတွေဆော့ဖို့ အချိန်မရှိသလောက် ဖြစ်သွားတာပဲ။ တစ်ချို့တွေရှိတယ် ဆော့ချင်တယ် ဒါပေမယ့် အချိန်မပေးနိုင်ဘူး။ မပေးနိုင်ဘူးဆိုတဲ့နေရာမှာ MMORPG တစ်ခုထဲဆော့မယ်ဆိုရင်တော့ အချိန်ရှိတယ်။ ဒါပေမယ့် တခြား ဂီမ်းတွေဆော့ဖို့ အချိန်မရှိတော့ဘူး။ ပုံမှန် PC/Console ဂိမ်းတွေကရှင်းတယ်။ ဇာတ်လမ်းအတိုင်းဆော့လိုက်ရင် ပြီးပြီ၊ The End ဆိုတာနဲ့ နောက်ဂိမ်းတစ်ခုပြောင်းဆော့လို့ရပြီ။ DotA2 တို့ Fortnite တို့လိုမျိုး game ကျတော့လည်း အချိန်အများကြီးပေးစရာမလိုဘူး သုံးလေးပွဲလောက်ဆော့ ပြီးရင် တခြားဂိမ်းသွားဆော့လိုရတယ်။ MMORPG ကျတော့ အဲ့လိုမဟုတ်ဘူး ကိုယ်ဆော့နိုင်ရင် ဆော့နိုင်သလောက် ကိုယ့်ရဲ့ character က ပိုပြီး powerful ဖြစ်သွားတဲ့အတွက် ကိုယ်ကမဆော့ပ ဲနေမယ်ဆိုရင် နောက်ကျကျန်ခဲ့မယ်။ အပေါ်မှာပြောခဲ့သလို တစ်ချို့အရာတွေက အဖွဲ့လိုက်လုပ်ရတာဖြစ်တဲ့အတွက် အချိန်သတ်မှတ်ချက်တစ်ခုနဲ့ဆော့ဖို့လိုတယ်။ ပြီးတော့ ကိုယ်က အဖွဲ့ထဲမှာ မရှိမဖြစ်ဖြစ်နေဖို့လိုတယ်။ ကိုယ်မပါပဲ group activities တွေလုပ်လို့ရသွားတဲ့အချိန်ရောက်သွားခဲ့ရင်တော့ ဘယ်သူမှကိုယ့်ကို စောင့်နေတော့မှာမဟုတ်ဘူး။ မရှိ ရှိတဲ့သူတွေ သူဟာသူ ဖြစ်အောင်လုပ်တတ်သွားကြလိမ့်မယ်။ ကိုယ်ကိုတိုင်လည်း အပယ်ခံတစ်ယောက်လို ခံစားလာရလိမ့်မယ်။ မယုံမရှိနဲ့ မြန်မာ MMORPG player တွေကြားမှာ အဲ့ဒီပြဿနာက ထိပ်ဆုံးပဲ။
ပိုက်ဆံမပေးချင်ဘူး
ဒီနေရာမှာကျတော့ နှစ်မျိုးရှိတယ်။ တစ်ချို့ game တွေက free ဆိုပေမယ့် in-game item တွေကို ပိုက်ဆံနဲ့ရောင်းတယ်။ နောက်တစ်မျိုးကျတော့ လစဉ်ကြေးပေးပြီးဆော့ရတယ်။ လစဉ်ကြေးပေးရတယ့် game မျိုးတွေက ကျွန်တော်တို့ မြန်မာတွေ သိပ်ပြီးနှစ်သက်လေ့မရှိဘူး။ တခြား game တွေတောင်မှ crack တွေဆော့နေတာ ဒီ MMO ကြီးကို Game လည်းဝယ်ရတဲ့အပြင် လစဉ်ကြေးပါ ပေးရတော့ ရှောင်သွားကြတာများတယ်။ ဒါပေမယ့် အဲ့ဒီလစဉ်ကြေး ပေးရတာနဲ့ မပေးရတာ ကွာခြားချက်တွေက တကယ်တမ်းဆော့ပြီဆိုရင် သိသိသာသာကို ကွဲပြားတာကိုတွေ့ရတယ်။ Customer support ကောင်းတယ်၊ game bug တွေနည်းတယ်၊ ရှိတယ်ဆိုရင်တောင် ရက်အနည်းငယ်အတွင်း ချက်ခြင်း fix ပေးမယ်၊ အများအားဖြင့်က အဲ့လို bug တွေပါမလာတာများတယ်။ ပြီးတော့ လူသန့်တယ်။ ဘာလို့လူသန့်လဲဆိုတော့ ဒီလောက် game ကြီးလဲဝယ် ပြီးတော့ လစဉ်ကြေးပါ အမြဲပေးနေရတဲ့အတွက် ကိုယ့် account ကို တန်ဖို့ထားလာကြတယ်။ မဟုတ်တာလုပ်လို့ ban ခံရတာမျိုး မဖြစ်ချင်ကြဘူး။ Free-to-play တွေလိုမျိုး လူပေါင်းစုံဝင်ဆော့ပြီး ကိုယ့်ကို စိတ်သောကပေးတဲ့ရန်ကတော့ ဝေးတယ်။
နောက်ဆုံးပြောချင်တာတစ်ခုကတော့ MMORPG ဆော့ပြီဆိုရင် တခြားသူတွေရဲ့အချိန်ကို လေးစားပါ။ အဲ့ဒါ အရေးအကြီးဆုံးပဲ။