နေ့စဉ်သုံးဖြစ်တဲ့ ပေါ့ပေါ့ပါးပါး software တွေ

စာရေး၊ ပုံဆွဲ၊ ဒီဇိုင်းလုပ်၊ ကုဒ်ရေးတဲ့ လူတစ်ယောက်ဟာ ဘာဆော့ဝဲတွေ နေ့စဉ်သုံးလဲ တင်ပြလိုက်ပါတယ် နော်။ အကုန်လုံးက Open Source ( Aseprite ကလွဲလို့ ) တွေပါ။ category တစ်ခုစီမှာ ကိုယ်သုံးလို့ အကြိုက်ဆုံး powerful အဖြစ်ဆုံး software တွေလည်းဖြစ်ပါတယ်။ ကိုယ့်အတွက်သုံးလို့ကောင်းတာတွေ၊ သုံးစေချင်တဲ့ဟာတွေ ညွှန်းချင်ရင်လဲ ပြောပြပေးပါဦးလို့။ :D

Fire Alpaca (Windows, Mac)

ပုံဆွဲရင် အရမ်းအသားကျပြီး ကိုယ်တွေနဲ့အံကိုက်ဖြစ်ပါတယ်။ Open Source ဖြစ်တာကြောင့်မို့လို့အခမဲ့ပါ။ ရက်ရောချင်တယ် ဆိုရင်တော့ ကြော်ငြာမပါတဲ့ ၃၀ ဒေါ်လာတန်ကို Steam မှာဝယ်ပြီးအားပေးလို့ရပါတယ်။ ဖရီးဗားရှင်း ဟာလည်း ဖုန်းဂိမ်းတွေလိုမျိုး ကြော်ငြာတတ်တာမျိုး မဟုတ်ပါဘူး။ စစချင်းတစ်ခုပဲ တတ်ပြီး ကြော်ငြာကြည့်စရာ မလိုဘဲ ချက်ချင်း ပိတ်လို့ရပါတယ်။ အဲ့ဒီတော့ အတူတူပဲဲလို့ ပြောလို့ ရပါတယ်။ သူ့လိုမျိုး Open Source ဖြစ်တဲ့ Krita ဆိုတာ ရှိပါသေး တယ်။သူကတော့ကိုယ်တွေရဲ့ အိုင်ဒေါလ်အားတစ်တွေ အရမ်းကြိုက်ကြပေမဲ့ stroke ဆွဲတိုင်းလေးသွားလို့ မသုံးဖြစ်ပါဘူး။ config ကောင်းကောင်းမလုပ်တတ်တာကြောင့် လည်းပါပါတယ်။ Fire Alpaca ကတော့ ပိုပြီးရှင်းပြီး အတော်လေးရင်းနှီးဖို့ လွယ်ပါတယ်။ shortcut တွေကလည်း အခြား graphic software တွေရဲ့ shortcut တွေအတိုင်း အတူတူပဲဖြစ်လို့ ရင်းနှီးဖို့လွယ်တယ် ပြောလို့ရပါတယ်။

Fire Alpaca သုံးပြီးဆွဲထားတာလေး 

Inkscape (Windows, Mac, Linux)

Adobe Illustraor မဝယ်နိုင်လို့ vector တွေဆွဲဖို့လိုရင် Inkscape ကိုသုံးပါတယ်။ ဖရီးဖြစ်သလို အတော်လေး သုံးရ အဆင်ပြေတဲ့ software ပါ။ အသားကျဖို့လည်း လွယ်သလို အင်မတန် သုံးလို့ပျော်တဲ့ software ပါ။ Vector စဆွဲကျင့်ချင်တယ် ဆိုရင် သုံးလို့အကောင်းဆုံး ပါဘဲ။ Adobe Illustrator မဝယ်နိုင်တဲ့ ကျွန်တော့်လို့လူတွေ အတွက်ကတော့ Inkscape ကို Adobe Illustrator ထက်ကို ပိုပြီးသဘောကျမိ ပါတယ်။

Inkscape သုံးပြီးဆွဲဖြစ်တဲ့ပုံလေးပါ။ အဲ့တုန်းက neon city အရမ်းကြိုက်လို့ wallpaper ထားချင်တာနဲ့ဆွဲဖြစ်တဲ့ဟာလေး

Aseprite ( Windows, Mac, Linux ) / Graphics Gale ( Windows )

Pixel art တွေကြိုက်ရင် Aseprite ကော Graphics Gale ကော ဆွဲရတာ အတော်မိုက်ပါတယ်။ Aseprite ကတော့ Steam မှာ 15$ ပေးရပါတယ်။ Graphics Gale ကတော့ open source ပါ။ ဆွဲရတာ တစ်ခုတစ်မျိုးစီ အားသာချက်တွေရှိပေမဲ့ animate လုပ်တဲ့ အချိန်မှာတော့ Aseprite က အရမ်းအဆင်ပြေပါတယ် (၁၅ ဒေါ်လာ ပေးရတာကိုး)။ Graphics Gale ကတော့ Aseprite ကို ပိုက်ဆံပေးမသုံးချင်ဘူးဆိုရင် သုံးပါ။ Undertale game ထဲက pixel art တွေအကုန်နီးပါ Graphics Gale နဲ့ဆွဲထားတာပါ။ အဲ့တော့သုံးတတ်ရင်အတော်အသုံးဝင်တယ်ဆိုတာသိသာပါတယ်။

Undertale website ရဲ့ FAQ က

Visual Studio Code (Windows, Mac, Linux)

ကိုယ်တွေက code ရေးတယ်ဆိုတော့ IDE ကတော့ အမြဲလိုပါတယ်။ အရင်ကတော့ Sublime Text သုံးပါတယ်။ အဲ့မတိုင်ခင် coding စရေးခါစက အစုံသုံးပါတယ်။ Bracket, Atom, phpStorm စသဖြင့် သုံးဖူးပါတယ်။ အဲ့တာတွေက လေးလို့မကြိုက်လို့ ဆက်မသုံးဖြစ်ပါဘူး။ Sublime Text ကတော့ အတော်ပေါ့ပါးပါတယ်။ ဒါပေမဲ့နောက်တော့ VS Code စမ်းသုံးကြည့်တော့ terminal integration ရယ် plugin တွေ one click နဲ့ download လို့ရတာရယ် လိုချင်တဲ့ plugin ရှာလိုက်တိုင်းရှိနေတာရယ် ကြောင့် ၂နှစ်ခွဲလောက်သုံးနေတဲ့ Sublime Text ကို လွယ်လွယ်မေးလိုက်လို့ရပြီး VS Code နဲ့အသားချက်ချင်းကျသွားပါတယ်။ Theme ကတော့ Material dark theme သုံးပါတယ်။

Chrome (Windows, Mac, Linux)

ကွန်ပျူတာသုံးတိုင်း အကုန်လုံးနီးပါး ဒီမှာဖြစ်ပျက်နေပါတယ်။ Netflix လည်း ဒီမှာဘဲကြည့်တယ်။ Spotify နဲ့ YouTube  လည်း Chrome မှာဘဲ။ Chrome ကိုအဓိကသုံးတဲ့အကြောင်းအရင်းက ကိုယ့်စက်က RAM များတာရယ် Google Service တွေ အကုန်နီးပါးသုံးတာရယ် ကြောင့်ရယ်။ နောက်တစ်ခု အကြိုက်ဆုံးဟာကတော့ data syncing ပါ။ စက်တိုင်းမှာ chrome ရှိတော့ chrome login ဝင်ထားရင် တစ်စက်နဲ့တစ်စက်ကို link တွေ ပါပို့လို့ရနေပါပြီ။

Browser မပြောင်းချင်တဲ့ အကြောင်းကတော့ login တွေပြန်ဝင်ရမှာ အရမ်းပျင်းတာကြောင့်ပါဘဲ။ Chrome က ကိုယ့် google account sign in လုပ်လိုက်တာနဲ့ data တွေအကုန်လုံးက syncing ဖြစ်တာကြောင့် login ဝင်လိုက်တာနဲ့ စက်အသစ်မှာသုံးလည်း အိမ်က စက်မှာသုံးတဲ့အတိုင်းခံစားရပါတယ်။ Google account နဲ့ဘဲ login ဝင်ရတာဆိုတော့ထွေထွေထူ​ထူးအခြားအကောင့်အသစ်တွေဝင်စရာမလိုတော့ပါဘူး။

Google Docs

Microsoft Office မသုံးတော့ပါဘူး။ Google Docs မှာ Microsoft Office မှာအသုံးများတဲ့ဟာတွေပါပါတယ်။ အလကား ရတဲ့ဟာ ဆိုတော့လည်း Microsoft Office ကိုမဝယ်နိုင်လို့ Google Docs မှာ စာတွေ စာရင်းတွေ လုပ်လေ့ရှိပါတယ်။ Sheets (Excel) ဆိုရင်လည်း အတော်လေးကိုမိုက်ပါတယ်။ ကျယ်ပြန့်လွန်းလို့ အသေးစိတ် မရေးတော့ဘူးနော်။ ကိုယ်တိုင် သွားခံစားကြည့်တာပိုပြီးအရသာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်း Google Docs သိပ်မသုံးဖြစ်တော့ဘူး။ Notion ဆိုတာလေးအစားထိုး ဝင်လာပါတယ်။

Notion (Windows, Mac)

Linux မှာတော့ Chrome ပဲသုံးဖြစ်ပေမယ့် Notion ကတော့ ကိုယ်တွေ အကြိုက်ဆုံး Software ပါ။ သူကတော့ Productivity software ပါ။ Project management နဲ့ပတ်သတ်သမျှ အကုန် လုပ်လို့ရပါတယ်။ Issue Board, Roadmap ဘာညာသာရကာ အကုန်ပါပါတယ်။ Free plan ဘဲသုံးနေတာ တစ်နှစ်ခွဲရှိပါပြီ။ ပိုက်ဆံပေးသုံးလဲရပါတယ်။ ကိုယ်တွေကတော့ စာတွေ notes တွေ list တွေအကုန် ဒီထဲမှာပဲ မှတ်ထားတာပါ။ အခုဒီစာကိုလဲ Notion မှာပဲ ရေးနေတာပါ။ အားသာချက်ကတော့ ဒီမှာရှိတဲ့ စာကို  cloud ထဲ save တာမို့လို့ ဖုန်း app ထဲကော sync ဖြစ်ပါတယ်။ ရေးလက်စ စာကိုအပြင်လည်းရောက် ခေါင်းထဲလဲပေါ်လာတဲ့အခြေအနေဆို တန်းပြီး ဖုန်းမှာရေးလို့ရပါတယ်။ Project management အတွက်လည်း ကွန်ပျူတာကြီး ဖွင့်ပြီး တကူးတက check စရာ မလိုတော့ပါဘူး။ ဖုန်းထဲကနေ ကြည့်ရုံပါဘဲ။ အခြားသူတွေကို invite လုပ်ပြီးလည်း collab လုပ်လို့ ရပါတယ်။ Trello တော့ မသုံးဘူးပေမဲ့ Notion ကနေအခြား productivity ကို ပြောင်းသုံးဖို့ဆိုရင် အတော်စဉ်းစားယူရမှာပါ။

ဒါကတော့ ကိုယ်တွေ နေ့တိုင်း သုံးတဲ့ဟာတွေပါ။ အလုပ်လုပ်တဲ့ ကွန်ပျူတာထဲမှာ antivirus တို့ ဘာ clean ညာ clean တစ်ခုမှမရှိပါဘူး။ အဲ့တာတွေလည်း မလိုအပ်တော့ဘူးလို့ ယုံကြည်လို့ပါ။ အဲ့တာတွေ မပါဘဲ သုံးလာတာလည်း (၅)နှစ်လောက် ရှိပါပြီ။ တစ်ခါမှ ဘဝပျက်သွားလောက်တဲ့အထိ data တွေ မပျက်ဘူးသေးပါဘူး။ အဓိက တတ်နိုင်ရင် Pirate မလုပ်မိဖို့နဲ့ အင်တာနက်မှာ ကိုယ်နဲ့မရင်းနီးတဲ့ popup ကပေါ်လာတဲ့ software ကို down ပြီး install မလုပ်မိဖို့ပါဘဲ။ virus ထက် adware က ပိုပြီးအာရုံနောက်ရပြီး သုံးရတဲ့ experience တော်တော်လေးကို ကသိကအောက်ဖြစ်စေပါတယ်။ အဲ့ဒီတော့ ကိုယ်ညွှန်းချင်တဲ့၊ ကိုယ်တစ်နေ့မှာမသုံးပဲ မနေနိုင်တဲ့ software တွေရှိရင်လည်း ပြောပြပေးပါအုန်း။ :D