MongoDB Handbook


ပထမဆုံး ကျွန်တော် little go စာအုပ်ကို ဘာသာပြန်နေတဲ့အချိန်က Aitin က MongoDB အကြောင်းရေးနေတာ  တွေ့တော့ ကိုယ်ကလည်း သူရေးတဲ့ဟာရဲ့ prequel သဘောမျိုးဖြစ်အောင် karlseguin ရဲ့ MongoDB စာအုပ်ကို ပြန်ဖြစ်အောင် ပြန်မယ်လို့ စိတ်ကူးခဲ့တာပါ။  ရည်ရွယ်တာကတော့ အခြေခံအနေနဲ့ ဒီစာအုပ်ဖတ်ပြီးရင် အပေါ်က MongoDB မှာ Data size အကြီးတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ ပိုစ်နဲ့ တွဲဖက်ပြီးရင် ပိုမိုအသုံးဝင်မယ်လို့ပါ။ အခု ပထမစာအုပ်ပြီးတော့ revise လုပ်ပြီးမှပဲ စပြန်ဖြစ်ပါတယ်။ ဒီစာအုပ်က ပထမစာအုပ်ထက်စာရင် ပိုတိုတယ်ဆိုတော့ လွယ်မယ်ထင်သော်လည််း တကယ့်တကယ်ပြန်တော့ စာတွေကများတော့ ချောအောင် မနည်းကြိုးစားရပါတယ်််။ ။ ဒါ့အပြင် ဒီစာအုပ်က MongoDB 2.6 version ကိုအခြေခံပြီးပြန်ထားတာဖြစ်ပေမယ့် နောက်ဆုံး MongoDB က 4.2 ဖြစ်နေတဲ့အတွက် တချို့အပိုင်းတွေ ပြောင်းလဲသွားတာရှိသလို အသစ်ပါလာတာတွေလည်းရှိပါတယ်။

တဖက်ကပြန်ကြည့်ရင် အသစ်တွေကို ဘာသာပြန်ပြီး ထပ်ထည့်ပေးချင်ပေမယ့် စာအုပ်ထူသွားရင် မှတ်ရပိုရှုပ်သွားမှာစိုးလို့ မဖြစ်မနေလိုအပ်တယ်လို့ ယူဆတဲ့ အပိုင်းတွေကိုသာ ထပ်ထည့်ပြီးတော့ ဘယ်လိုမှ အကျုံးမဝင်တော့တဲ့ အပိုင်းတွေသာ ဖြတ်ထုတ်ထားပါတယ်။ သို့သော် မိမိတို့အနေနဲ့ ဒီစာအုပ်မှာ   ဘယ်လို feature အသစ်တွေကိုဘာသာပြန်ပေးစေချင်ရင်ဖြစ်စေ ၊ တခြားသော လိုအပ်ချက်တွေ ပြင်ချင်တာတွေရှိရင်တော့ feedback တွေပေးတာပဲဖြစ်ဖြစ် ဝင်ပြန်တာပဲဖြစ်ဖြစ် ကူညီပေးကြပါ။ ပထမစာအုပ်မှာပါတဲ့ font က နည်းနည်းကြီးနေတာရယ် ရုပ်ဆိုးတယ်ထင်လို့ ဆိုဒ်သေးပြီး font ပြောင်းထားပါတယ်။ ပထမစာအုပ်လိုပဲ Repo လင့်ရယ် offline ဖတ်လို့ရအောင် epubpdfmobi version တွေပြန်ပေးထာပါတယ်။

အင်္ဂလိပ် resource တွေပါ ထပ်ဆောင်းပြီး လေ့လာချင်တယ်ဆိုရင်တော့ MongoDB Univerity က course တွေရှိပါတယ်။ အဲဒီထဲက M001: MongoDB Basics နဲ့  M042: New Features and Tools in MongoDB 4.2 တို့ကို ဆက်ပြီးလေ့လာလိုက်မယ်ဆိုရင် အတော်လေးအဆင်ပြေပါပြီ။ ကျန်တာကတော့ ကိုယ့်ရဲ့ language ပေါ်မှာမူတည်ပြီး driver တွေ ORM တွေက ကွဲသွားမှာစိုးတော့ အသေးစိတ်လိုက်ပြောဖို့အဆင်မပြေပါဘူး။