တစ်ချိန်က ကျွန်တော်ရဲ့အိမ်မက်လေး AKG K3003

2013 ‌‌လောက်က နားကြပ်ပိုးစထတဲ့ချိန် AKG Q701 နဲ့တွေ့ပြီးနောက်မှာ လုံးဝကို AKG ရဲ့ Fan ဖြစ်သွားတယ်။  ပြောရမယ်ဆို အဲ့အချိန်ရဲ့ Flagship ဟောင်းဖြစ်တဲ့ K701 နဲ့ signature ဆင်တာရယ် Quincy Jone ဆိုပြီးအဲ့ကျမှသိတယ် ဆရာရေ။  Tune တာရယ်၊ ပြီးတော့ ရှားရှားပါးပါး အစိမ်းရောင်နဲ့ လာတာ (ဝယ််တော့ အဖြူရောင် ဝယ်ဖြစ်တယ် ) ကြောင့် သတိစထားမိပြီး ဝယ်လိုက်တာ။ နား‌‌ထောင် လိုက်တော့ ကိုယ်နား‌ထောင်နေကြ သီချင်း အမျိုးအစားနဲ့ အကိုက်ပဲ Vocal (Female) ရယ် Treble တော်တော်‌လေး‌ ကောင်းတယ်။ အဲ့ဒီ နောက်ပိုင်း ဟို လျှောက်ရှာ Forum တွေ လျှောက်ဖတ်ရင်းနဲ့ Flagship K3003 ကို သွားတွေ့တယ်။ Dynamic နဲ့ BA ကို စပြီး ပေါင်းထုတ်ပြလိုက်တဲ့ ဆရာကြီး။ အဲ့ဒီတုံးက USD 1000 ကျော်တယ်။ Review တွေကလည်း အတော်ချီးကျူးကြတယ်။ သူကစပြီး နောက်ပိုင်း driver နှစ်မျိုး ပေါင်းထုတ်တဲ့ ခေတ်စတာပဲ လို့ပြောကြတယ်။ သူ့ကိုစံထားပြီး တရုတ်တွေ လိုက်ခိုးကြတာဆိုတာ ကိုယ့်ပစ္စည်းကို ဘယ်လိုကောင်းကြောင်း ပြောမယ်ဆို သူ့ထက် သာကြောင်း ခဏခဏ ယှဉ်ပြီး ပြောကိုပြောလိုက်ရမှ။ အဲ့ဒါနဲ့ပဲ ကိုယ့်ရဲ့အိမ်မက်လေးလည်းဖြစ်ခဲ့တယ်ပေါ့။ ဝယ်ချင်တာတစ်ပိုင်း‌သေ ပိုက်ဆံကလည်း မတက်နိုင်။ အဲ့နှစ်တွေမှာ အခြား Flagship တွေ (Shure 846, IE800) တို့ နဲ့ရင်ဘောင်တန်းပြီး ယှဉ်ခဲ့တယ်ပေါ့။

နောက် ၃၊၄ နှစ် လောက်နေတော့ အခြေအနေက ပြောင်းလာပြီ။ တစ်ခုက နောက်လူတွေ (Xelento, W80, Andromeda) ထွက်လာတာ နောက်တစ်ချက် ကတော့ ဈေးကျသွားတာကြောင့် USD 1000 ကျော်လောက်ကနေ 500,600 USD (promotion နဲ့ကြုံရင် 400) လောက်ပဲ ကျန်တော့တယ် တရုတ်မှာ ပိုဆိုးတယ် ဈေးကျတာ။ နောက်မှ ထွက်တဲ့ကောင်က USD 1500 ပတ်ဝန်းကျင်တွေ ရှိကြတော့ ဝယ်တဲ့လူက Bias ဖြစ်လာပြီ ဈေးကြီး ပေးဝယ်ထားမှတော့ ကိုယ့်ဟာပဲ ပိုကောင်းမှာ ဆိုတယ့် စိတ်လည်း ပါကောင်းပါလာနိုင်တယ်။ ပိုဆိုးတာ အတုအစစ် ခွဲမရအောင်တူတဲ့ Replica တွေ ထွက် အဲ့ဂျင်းကို ဝယ်မိတဲ့ကောင်က အသံမကောင်းဘူး ဆိုပြီးဆဲ။ Review တွေမှာယှဉ်ယှဉ်ပြီး လည်း ပြော‌နေကြဆို‌တော့ ဈေးကြီးပေးဝယ်ထားတဲ့လူကလဲ ဈေးပိုပေါတဲ့ K3003 ကိုနှိမ်ကျ။ အဲ့ဒါနဲ့ပဲ ဆရာကြီးတွေ ဖိုက်ကြရော ဒီကြားတည်း တရုတ် က Chi-fi လည်းတိုးတက်လာ၊ ပစ္စည်း‌တွေ တကယ် ကောင်းလာတာကြောင့်ရယ် Marketing လုပ်ရင် လူငှားပြီး တခြားတံဆိပ်တွေကို ဖဲ့ရသေးတယ်။ အဲ့ဒီတော့ ကြားက ပွဲကြည့်တွေက လိုက်ပြီးဝင်ယောင် နောက်ကြတော့ မသိဝူး K3003 ဆို မတန်တော့ဝူး မ‌ကောင်းဘူးဆိုတဲ့ အတွေးတွေဝင်ကုန်။ ‌ဖြစ်ချင်တော့ Samsung က သူ့ရဲ့ Parent company ဖြစ်တဲ့ Harman ကို ဝယ် အဲ့ဒီမှာ ထပ်နှိမ်ကြ။ AKG က မရတော့ဝူး ကျန်ခဲ့ပြီ ဆိုပြီး ပြောကြ။ တကယ်လည်းဟုတ်တော့ဟုတ်တယ် K3003, K812 ပြီးတည်းက ထိပ်ထူးထူးခြားခြား သိပ်မရှိတော့ဘူး။ ထပ်ထုတ်တဲ့ flagship (N5005) လည်း ဘာမှ hot သိပ်မဖြစ်သွားဝူး။ ခုဆို နားကြပ်လိုင်း နဲ့ဝေး‌နေတာ ၂နှစ် ၃ နှစ်‌‌‌‌ လောက်တော့ ရှိပြီ။ အရင်လိုတော့ လိုက် ရှာမဖတ်ဖြစ် တော့ဝူး။ အခြေအနေတွေက ဘယ်လိုရှိလဲ သိပ်မသိ။

ဒါပေမယ့် ဒီ K3003 တော့ ဝယ်ချင်တဲ့စာရင်းမှာ ခုထိတော့ ရှိတုန်းပဲ။ ခုနက သူငယ်ချင်း တစ်ယောက်က ဘာ recommend လဲ မေးလိုက်တော့ ကိုယ်တွေက ထီပေါက်ရင်တော့ ဝယ်ချင်တဲ့ model လေး လျှောက်ပြောရင်းနဲ့ သတိရသွားလို့ ဒီ‌‌‌ကောင်လေးဈေးပြန်သွားရှာလိုက်တယ်။

ပုံမှာ မြင်တဲ့အတိုင်းပဲ ‌‌ဈေးက USD 299 ပဲရှိတော့တယ်။ ရင်ခုန်သွားတယ် ချက်ချင်းတောင် လူကြုံများ ရှိနိုင်မလား စဉ်းစားမိတယ် သို့သော်လည်း ခုရှိတဲ့နားကြပ်တောင် သိပ် နားမထောင်ဖြစ်တော့တာ ဒါဝယ်လည်း နားမထောင်ဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ကို မနည်းပြန်လျော့ပြီး ထိန်းလိုက်တယ်။ နောက်တစ်ခုက စိတ်ထဲ တစ်မျိုးဖြစ်မိတယ်။ ကိုယ်ကြိုက်တဲ့ တံဆိပ်လေးက ခုဆို နားကြပ်ထုတ်တဲ့နေရာမှာ တခြားလူနဲ့ယှဉ်ရင် ထိပ်ဆုံးက မပါရတော့ဘူး။ ခုချိန်ထိ Sennheiser Orpheus နဲ့ ယှဉ်ပြီး Legend လို့ ချီးကျူးခံရတဲ့ K1000 ကို ထုတ်ခဲ့တဲ့ ကုမ္ပဏီက‌ နည်းနည်း‌ နောက်ကျကျန်ခဲ့နေပြီလို့ ခံစားမိလို့ အနည်းငယ် စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါ‌ပေမယ့် ဘယ်လိုပဲပြော‌ပြော K3003 ကတော့ ခုထိ လိုချင်တုန်းပါဘဲ၊ ‌တချိန်က ချီးကျူးခံခဲ့ရတာ‌ တွေ အလကား‌တော့မဟုတ်ဘူးလို့ ယုံကြည်တယ်။ ‌ပြောမရဘူး စိတ်ကူး‌ပေါက်ရင် မနက်ဖြန် ထမှာရင် မှာနိုင်တယ်။ Flagship ကို ဒီဈေးနဲ့ရောင်း‌နေတာ စိတ်မနည်းထိန်းထားရတယ်😆။ ညကြီး ‌‌ဈေးမြင်ပြီး mood swingလို့ ထရေးလိုက်တာ အမှားပါရင် ခွင့်လွတ်ပါ။ 😆