Suicide Island
ဒီလပိုင်း အလုပ်များ နေတော့ တခြား လေးလေးပင်ပင် စာအုပ်တွေ မဖတ်ဖြစ်ဘူး။ တစ်မနက်လုံး အလုပ်နဲ့ ပတ်သက်တဲ့ စာတွေဖတ်လာတော့ အိမ်ပြန်ရောက်ရင် ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ Manga, Manhua, Manhwa စတာ တွေပဲ ဖတ်ဖြစ်တယ်။ စာမှ မဖတ်လဲ လုပ်စရာမရှိ အားယားနေတာလဲ ပါတာပေါ့။ အစပိုင်းတော့ reincarnation, reborn တို့ supernatural တို့ဖတ်ဖြစ်တယ်။ မင်းသားတွေကလဲ op သလားမမေးနဲ့၊ သူ့ထက်ကြမ်းတာတောင် သူ့လောက်မကြမ်းဘူး။ သူသိ သူတက် သူကချဉ်း လှိမ့်ပိန့် ချနေတာ။ ရွှေဘ အကွက်ဒေပေါ့။ ကိုဒေကလည်း ရွှေဘ ကို မမှီပေမဲ့ Rambo တို့ Chuck Norris တို့ Steven Seagal တို့နဲ့ ကြီးလာတော့ မင်းသားကတီးနေရင် စွန်းကို ခိုက်တာပေါ့။ ဒါပေမယ့် ၂ ရက် ၃ ရက်လောက်လဲ ကြာရော ဖတ်နေတဲ့ ၃ ခုလောက်က အကုန် ongoing တွေ ဖြစ်ကုန်ရော။ အလုပ်ကဟာတွေလဲ အိမ်မှာ မဖတ်ချင် ဂိမ်းဆော့ဖို့က Internet ကလဲ မကောင်းတော့ အသစ်ဖတ်ဖို့ကို ဟိုလျှောက်ရှာ ဒီလျှောက်ရှာရင်းနဲ့ Suicide Island ဆိုတဲ့ Psychology Manga တစ်ခုတွေ့တယ်။ တွေ့ဖူးတာကတော့ ကြာပါပီ။ ဒါပေမယ့် Psychology ဇာတ်လမ်းဆိုတော့ မဖတ်ဖြစ်ဘူး။ ဉာဏ်မမှီ မှာ စိုးတာလဲပါတယ်။ psycho နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကား တစ်ကားနှစ်ကား ကြည့်ဘူးတယ်။ နာမည်တော့ မမှတ်မိတော့ဘူး။ ပီးတော့ နားလည်းမလည်ဘူး။ ထားပါ manga အကြောင်းပဲ ပြောတော့မယ်။ Suicide Island ဆိုတော့ အဲ့ ကျွန်းက လူတွေက လစ်ပီး suicide ပဲ လုပ်နေတာလား။ suicide လုပ်ချင်အောင် တစုံတယောက်က ပြဿနာရှာနေတာလားပေါ့။ အဲ့ဒါနဲ့ ဇာတ်လမ်း အကျဉ်းဖတ်ကြည့်တော့
Treating non-successful suicidal patients requires a lot of money and resources. With low budget and a personal respect argumentation, a doctor will ask a non-successful suicidal patient if he/she still wants to live on or not. If not the government will respect his/her wish. However, the government doesn’t just simply kill them. "
ဒါဆိုရင်တော့ သေချာပြီ။ အဲ့လူတွေကို ကျွန်းပေါ်သွားထားမှာပေါ့။ ရုပ်ရှင်တွေထဲက လိုဆိုရင် လူတွေကို ကျွန်းပေါ်ထား survival game တွေလုပ်ခိုင်း။ သူ့ဟာသူတောင် သတ်သေနေပါတယ်ဆိုမှ အဲ့လိုဟာမျိုးတွေ လုပ်ခိုင်းလို့ ဘယ်ရမတုန်း။ စိတ်ထဲမှာလဲ ဘာဇာတ်လမ်းမျိုး ဖြစ်မလဲ ဆိုတဲ့ အတွေးနဲ့ ဖတ်ကြည့်မိတယ်။ ထင်တဲ့ အတိုင်းပဲ မဆိုးပါဘူး လို့ပြောလို့ရတယ်။
ဇာတ်လမ်း အကျဉ်းကတော့ ၃ ခါ suicide လုပ်ပီး မသေတဲ့ သူတွေကို လူမရှိတဲ့ ကျွန်းပေါ်ပို့လိုက်တာပဲ။ သူ့တို့ပါသာ ဖြစ်ရင်ရာ ဖြစ်ပေါ့။ အဲ့လိုသဘောမျိုး ပစ်ထားတယ်လို့ ယူဆလို့ရတယ် ။ အစပိုင်းအခန်းတွေ ဖတ်နေတုန်း စိတ်ထဲထင်မိတာက နဂိုထဲက စိတ်ဓာတ်ကျနေတဲ့ သူတွေကို အဲ့လိုပစ်ထားတော့ သတ်မပစ်ပေမယ့် သူဟာသူ သေအောင် လုပ်တာပဲ အကုန်လုံး တစ်နည်း မဟုတ် တစ်နည်း နဲ့ သေမှာပဲလို့တွေးမိတယ်။ ဒါပေမယ့် ဇာတ်လမ်းက ပိုပိုပီး စိတ်ဝင်စားဖို့ကောင်းလာတယ်။ လူသူမရှိတဲ့ ကျွန်းပေါ်မှာ loser ( ဒီနေရာမှာ ဘဝကို အရှုံးပေးသူလို့ အဓိပ္ပာယ် မှတ်ယူပါလေ ) တွေ ဘယ်လို survive လုပ်ရတာတွေ၊ ဥပဒေမဲ့ ဖြစ်တဲ့ အတွက် ပြဿနာတွေ၊ တခုခု ဆို loser တွေဖြစ်တဲ့ အတွက် ခိုင်းမရပြုမရတာတွေ တိုင်တွေပတ်တာ နည်းတာမဟုတ်ဘူး။ ပြီးတော့ တချို့ ဆုံးဖြတ်ချက်တွေက မတင်မကျတွေဖြစ် psycho တွေဖြစ်၊ ပြောရရင် လူ့သဘာဝ နဲ့ တော်တော် နီးစပ်တယ်လို့ ခံစားမိတယ်။ ကိုယ်တွေလဲ အဲ့လို့ သာ survive လုပ်ရရင် ဘယ်လိုနေမလဲ စဉ်းစားမိတယ်။ cast away လို့ပေါ့။ ကျွန်းပေါ် ရောက်လာတဲ့ သူတွေမှာလဲ ဘာလို့ suicide လုပ်ရသလဲဆိုတဲ့ ကိုယ်စီကိုယ်စီ psycho တွေရှိတယ်။ ဘယ်သူမှ သူ့ကို သောက်ဖက်မလုပ်လို့ ပြဿနာတွေက ရှောင်ပြေးချင်လို့ ခြောက်နေလို့ sexual abuse စတဲ့ အမျိုးမျိုး အဖုံဖုံပေါ့။ ကိုယ့် ပတ်ဝန်းကျင် မှာ ကြားဖူးနေတာတွေပါသလို့ မကြားဖူးတာတွေလဲ ရှိသပေါ့။ အဲ့ဒီ အထဲမယ် ကိုယ်အပါအဝင် ကိုယ့် အသိုင်းအဝိုင်းနဲ့ နီးစပ်တယ်လို့ ပြောလို့ရတဲ့ တစ်ယောက်တော့ပါတယ်။ သူက သူသိတယ် သူတက်တယ် သူကို့ အလေးထားကြပါပေါ့။ ဒါပေမယ့် သူသိတာက Internet က ကြည့်ပီးသိတာတွေ တကယ်လဲ လုပ်ဟေ့ ဆိုရော တခြားတကယ်လုပ်ဖူးတဲ့ သူတွေရဲ့ အနောက်ရောက်၊ လေပဲ ရှိတယ်ဆိုတော့ လူတွေသိမှာစိုးပီး psycho ဝင်နေတဲ့ တယောက်ပေါ့။ နီးစပ်တယ်ပဲ ပြောတာနော် တူပါတယ်ပြောတာမဟုတ်ပေါင်။ ကိုယ်ဒေလဲ တခါတလေ Internet ကကြည့်ပီး ရှီရှောင် လုပ်ရတာတွေရှိတာပဲ။ psycho တော့မဝင်ရေးချ မဝင်။ စဆရက လုပ်လိုက်ရလို့ ပျော်တောင်ပျော်သေးတယ်။
Manga တင်ပြပုံ အပိုင်းက character ဆွဲတာကတော့ နည်းနည်းရုပ်ဆိုးတယ်။ အခုခေတ် Webtoon ပုံတွေလိုတော့ လှလှ ပပ မရှိဘူး။ ကျွန်တော်တောင် အဓိကဇာတ်ကောင်တွေလောက်ပဲ မှတ်မိတယ်။ တခြား ဇာတ်ကောင်တွေကို နာမည်နဲ့ ပုံနဲ့ မတွဲမိဘူး။ မတွဲမိတာလဲ မထူးဆန်းပါဘူး။ အကုန်လုံးက ဒီ ပုံစံတွေပဲဟာကို။ အဓိကဇာတ်ကောင်တွေ လောက်သာ မတူအောင်ဆွဲထားတာ။ ၂၀၁၁လောက်က စတဲ့ manga ဆိုတော့ ဒီလိုပဲပေါ့။ 18+ တော့ နည်းနည်းပါတယ်။ လူ့သဘာဝဆိုတော့လဲ ဒါလေးကပါမှကိုး။ ကျွန်တော်ကတော့ ကြိုက်တယ်။ ကြိုက်တယ်ဆိုတာက လူဆိုတဲ့ သတ္တဝါကို natural ecosystem ထဲထည့်ပြတာတွေ၊ society အကြီးကြီးတွေနဲ့ အသေးလေးတွေကို နှိုင်းယှဉ်ပြတာတွေကို ပြောတာပါ။ ပြီးတော့ ဘာမှမရှိတဲ့နေရာမှာ ဘယ်လိုလုပ်ပီး အသက်ရှင်ကြရတယ် ဆိုတာ အသေးစိတ်မဟုတ်တောင် အနည်းအကျဉ်းတော့ သိရတယ်။ တချို့အရာတွေကတော့ Manga ဆိုတော့လည်း ဖြည့်တွေးရတာပေါ့။ကျွန်တော့်အကျင့်က manga တို့ဘာတို့ ဖတ်ရင် တစ်ခါတစ်လေ ဇာတ်ဆောင်နေရာကဝင်ပီး စိတ်ကူးရင်ပစ်တော့ တခြား စာအုပ်တွေဆို ပျော်စရာကြီး။ မင်းသားက overpowered ဆိုတော့ စိတ်ကူးထဲ ကိုယ်လုပ်တိုင်းဖြစ် စွမ်းကြမ်း။ အခုဟာက မင်းသားလို့ ပြောလို့ရတဲ့ ဇာတ်ဆောင်က အစ တိုင်ပတ်နေတော့ နည်းနည်းတော့ feel ကြဲတယ်။ တခါတလေ ဒီကောင်ကွာ သောက်သုံးမကျဘူး ဆိုပီး အားမရတာတွေ ဖြစ်မိတယ်။ သို့ပေမယ့် တကယ့်လက်တွေ့မှာ ငါဆိုရင်ရော ဘယ်လိုဆုံးဖြတ်မလဲ၊ အုန်းဒိုင်းဂွမ်း လုပ်ရအောင်လဲ အပြင်မှာက ဘာမှမဟုတ်လို့ စဉ်းစားမိပီး အနည်းနဲ့ အများတော့ တွေဝေမိပြန်ရော။ အဲ့လိုနဲ့ တချို့ အခန်းတွေ ဇာတ်ရှိန်တက် တချို့ အခန်းတွေ ဇာတ်ရှိန်ကျ တက်လိုက်ကျလိုက် ဖတ်ရင်း အခုအချိန်ထိတော့ on-going ဖြစ်နေဆဲပါပဲ။