နားကြပ်ဘယ်လိုရွေးရမလဲ။

ကျွန်တော် သူငယ်ချင်းတစ်ယောက် ပြောဖူးသလို $200 ကျော်တဲ့ နားကြပ်စဝယ်တာနဲ့ နားကြပ်တစ်ခုတည်းနဲ့ တင် မလုံလောက်တော့ပါဘူး။ ကိုယ်ရဲ့ audio နားထောင်တဲ့ chain တစ်ခုလုံးကို ပြန်စဉ်းစားရပါပြီ။

နားကြပ်ဘယ်လိုရွေးရမလဲ။


မြန်မာလိုသာ နားကြပ်လို့ အလွယ်ခေါ်တာပါ တကယ့်တကယ်တော့ အများကြီးကွဲပါတယ်။ ဒီရက်ပိုင်း ကျွန်တော် ဒီအကြောင်းတွေပဲရေးဖြစ်တော့ အသိတွေထဲက ဘယ်ဟာဝယ်ရမလဲ တော်တော်မေးကြလို့  အစကတော့ အင်တာနက်ကိုပဲ ညွန်းလိုက်ပေမယ့် အခြေခံရွေးချယ်ရမယ့် နည်းလမ်းလေးကိုတော့ guide သဘောလေး ရေးတင်ချင်လို့ပါ။ ကြိုပြောထားချင်တာကတော့ ကျွန်တော်ကိုယ်တိုင်က audiophile တစ်ယောက် မဟုတ်သလို ၊ အသံနဲ့ အလုပ်လုပ်ကိုင်နေတဲ့ audio engineer တစ်ယောက်၊ Musican တစ်ယောက်လည်း မဟုတ်တဲ့အတွက် တထောင့်တနေရာမှာ အမှားပါရင် မသမပဲနဲ့ ကြင်နာစွာထောက်ပြပေးဖို့ ရယ် မေတ္တာရပ်ခံပါတယ်။

အရင်ဆုံး နားကြပ်အကြောင်းပြောရရင် ကျွန်တော်တို့ အမြင်သာဆုံးကတော့ နားထဲကိုတပ်တဲ့ နားကြပ် (earphone) ရယ် နားရွက်တစ်ခုလုံးကို စွပ်ထား (သို့မဟုတ်) တင်ထားတဲ့ နားကြပ် (headphone) လို့ကွဲပါတယ်။ ဒီကနေစပြီး ပိုပြီးရှင်းအောင် အင်္ဂလိပ်လို အဓိကသုံးပါရစေ။ Earphone တွေဟာ ကျွန်တော်တို့ တွေ့ရအများဆုံး နားကြပ်အမျိုးအစားပါ။ ကားပေါ်မှာ ၊ ရထားပေါ်မှာ လမ်းလျှောက်ရင်း တပ်နေတာတွေ့ရမှာပါ။

Headphone vs Earphone

နားကြပ်ထဲမှာမှာ ကျွန်တော်တို့  Earbud လို့ခေါ်တဲ့ နားထဲကို သိပ်မဝင်တဲ့ အမျိုးအစားရယ်၊ Rubber ဘုလေးနဲ့ In-ear earphone အမျိုးအစားရယ် နှစ်မျိုးရှိပြီးတော့ နှစ်မျိုးစလုံးက အမြောက်အမြားတွေ့နိုင်ပါတယ်။ Earbud တွေက အကြမ်းအားဖြင့် စျေးအသက်သာဆုံးအမျိုးအစားဖြစ်ပြီးတော့ အများအားဖြင့် ဖုန်းဝယ်ရင် အခမဲ့ထည့်ပေးတက်ပါတယ်။ In-ear earphone တွေကတော့ နောက်ပိုင်းမှာ အသုံးများလာပြီး ဖုန်းဝယ်ရင်ထည့်ပေးတဲ့ ထည့်မှာလည်း ပါလာတက်ပါတယ်။ In-ear ကတော့ rubber အစွပ်နဲ့ဆိုတော့ နားကို ဆို့ထားသလိုဖြစ်ပြီး ပထမအမျိုးအစားထက်စာရင် အသံပိုလုံပါတယ်။

In Earphone vs Earbud (Credit to Wire Realm)

အဲဒီ in-ear အမျိုးအစားထဲမှာမှ Audio Engineer တွေ၊ Musican တွေ live တီးရာမှာ သုံးတဲ့ အမျိုးအစားကို In Ear Monitors လို့ခေါ်ပါတယ်။ သူ့ပုံစံကတော့ In-ear ပုံစံမျိုးရိုးရိုးကနေ ပုံစံမျိုးစုံရှိနိုင်ပါတယ်။ အဓိက ရည်ရွယ်တာကတော့ ပုံမှန် earbud တွေ  In-ear တွေထက် ပိုပြီး ကောင်းမွန် စစ်မှန်တဲ့ အသံကို ကြားနိုင်အောင် ရည်ရွယ်တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ audiophile တွေကပါ ဝယ်ကြလေ့ရှိပြီး စျေးအားဖြင့်လည်း ပထမ နှစ်ခုထက်စာရင် ပိုများပါတယ်။

On Ear Headphone vs Over Ear Headphone


ဒုတိယ တစ်ပိုင်းကတော့ Headphone တွေပါ။ Headphone တွေကိုတော့ နားပေါ်တင်ထားတဲ့ (On Ear) နဲ့ နားတစ်ခုလုံး အုပ်ထားနိုင်တဲ့ (Over Ear) ဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ Headphone တွေနဲ့  earphone တွေနဲ့  အဓိက ကွာခြားချက်ကတော့ driver ရဲ့ size ကွာခြားချက် ရယ် အသံပေးပို့မှုအပိုင်းပါ။ Headphone တွေက earphone တွေထဲနှိုင်းစာရင် အကြမ်းအားဖြင့် ပို၍ ကျယ်ဝန်းသော အခြေအနေနဲ့ အသံပေးနိုင်တဲ့ အတွက် ပိုမြိုင်ပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် စျေးပိုကြီးလေ့ရှိပေမယ့် အမြဲတမ်းတော့မမှန်ပါဘူး။ တချို့ IEM တွေက ဒေါ်လာ ထောင်နဲ့ချီပြီးတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတာ ဖြေရရင် အရှည်ကြီးပြောရမှာဖြစ်တဲ့ အတွက် ဒီလိုသာ အကြမ်းဖြင်းမှတ်ထားတာ ပိုအဆင်ပြေပါလိမ့်မယ်။ Sound Stage ပိုကောင်းတဲ့အတွက် သာမန် နားကြပ်တွေနဲ့နှိုင်းယှဉ်ရင် Orchestra တို့ Opera တို့သီချင်းတွေမှာဆိုရင် နားထောင်ရပိုကောင်းပါတယ်။

Open Back Headphone and Close Back Headphone

ဒီထဲမှာမှ နားပေါ်တင်ထားတဲ့ On Ear headphone တွေထက်စာရင် နားတစ်ခုလုံးအုပ်ထားပြီး ဆိုဒ်အနေအရလည်း အတော်ကြီးတဲ့ over ear headphone တွေက နားထောင်ရတာ ပိုမိုက်လေ့ရှိပြီး စျေးလည်းပိုကြီးပါတယ်။ Over ear Headphone တွေမှာမှ Close-back Headphone နဲ့ Open-back Headphone ဆိုပြီးတော့ ထပ်ခွဲပါသေးတယ်။

Open back headphone နဲ့ Close back headphone နဲ့ အဓိကကွာတာကတော့ sound stage  ရယ် clarity ပါ။ Open back headphone တွေဟာ အသံရဲ့ တချို့တဝက်ကို အပြင်ကို ပြန်ထုပ်လိုက်ခြင်းဖြင့် sound stage နဲ့ clarity အကြမ်းဖြင်းအားဖြင့် ပိုကောင်းလေ့ရှိပါတယ်။ သို့ သော် အသံမလုံပါဘူး။ အဲဒီလိုမျိုး Open back ရော Close back ရဲ့အားသာချက်နှစ်ခုလုံးကို ရအောင် ထုတ်ထားတဲ့ Sennheiser HD 820 လိုမျိုး Headphone မျိုးလည်းရှိပါသေးတယ်။

ဆိုတော့ ပုံမှန်အားဖြင့် အပေါ်ကအတိုင်း နားကြပ်တွေရဲ့  description ကိုခွဲပြလိုက်ရင် ဝယ်ရတာလွယ်သွားပါပြီ။ ဥပမာ သင့်အနေနဲ့ ဖုန်းကို အသုံးပြုတာများပြီး bus ပေါ်မှာ နားကြပ်ကို အသုံးပြုဖြစ်ရင် earbud လိုမျိုးက ပေါ့ပေါ့းပါးပါးဖြစ်ပြီး  အကုန်အကျသက်သာပါတယ်။ ဒါမှမဟုတ် သင့်အနေနဲ့ ရုံးသွားရုံးပြန် သီချင်းကို အသေအချာ နားထောင်ဖြစ်တယ်ဆိုရင် စျေးအတော်အသင့်နဲ့ IEM လိုမျိုးက စိတ်ကျေနပ်စေမှာပါ။ ဒါမှမဟုတ် ကိုယ်က အဆိုတော် ဒါမှမဟုတ် band မှာ တူရိယာတီးတဲ့သူဆိုရင်တော့ စျေးတော်တော်ကောင်းကောင်း IEM မျိုးနဲ့ live တီးရတာ အဆင်ပြေပါလိမ့်မယ်။  ဒါမှမဟုတ် ကျွန်တော်လို တနေကုန် ရုံးမှာ ကွန်ပျုတာနဲ့ အလုပ်လုပ်ရတယ်ဆိုရင် Headphone လိုမျိုးက ပိုအဆင်ပြေပြီးတော့ ကျွန်တော့် အတွေ့အကြုံအရတော့ နားပေါ်တင်ထားတဲ့ On Ear Headphone တွေထပ်စာရင် အုပ်ထားတဲ့ Over Ear headphone တွေက အများကြီး သက်တောင့်သက်သာရှိပါတယ်။ On Ear Headphone တော်တော်များများရဲ့ ပြဿနာက နားကိုဖိထားတဲ့ clamping force ကများတက်ပါတယ်။ ဒါမှမဟုတ် အိမ်မှာ ကွန်ပျုတာကို အသုံးများရင် ၊ Freelance ဒါမှမဟုတ် အိမ်မှာ အလုပ်လုပ်တဲ့ လူမျိးဆိုရင်  Open Back Headphone လိုမျိုးက သင့်တော်ပါတယ်။  ဒီနေရာမှာ တချက်ရှိတာက Open Back headphone တွေချည်းကပဲ Studio သုံးအတွက် သင့်တော်တယ်လို့ မဆိုလိုပါဘူး။ ဥပမာ  Beyerdynamic က Close  Back Headphone တွေဆိုရင်လည်း Audio Engineer တော်တော်များများသုံးပါတယ်။

DAC and Amp

နားကြပ်အကြောင်း နည်းနည်းသိလာပြီဆိုရင် ကြားရမယ့် စကားလုံးနှစ်ခုကတော့ DAC နဲ့ Amp ပါ။ DAC ရဲ့အရှည်ကောက်ကတော့ Digital to Analog Convertor ပါ။ ကျွန်တော်တို့ နားတွေက ကြားနိုင်တဲ့ အသံဟာ Analog Signal ဖြစ်ပြီးတော့ အခုခေတ် သီချင်းတွေ အကုန်နီးပါက Digital Format နဲ့သိမ်းတာပါ။ အဲဒီကနေ Sound Card လိုမျိုးကနေ တဆင့် Analog Signal ကိုပြောင်းပေးပြီး နားထောင်နိုင်တာပါ။ ဒါပေမယ့် ကွန်ပျုတာမှာ default ပါလာတဲ့ realtec audio က သေချာနားထောင်ချင်တဲ့သူတွေအတွက် မလုံလောက်ပါဘူး။  ဒါကြောင့် ဟိုအရင်က PC နဲ့ဆင်တဲ့သူတွေဟာ ပိုမိုကောင်းမွန်တဲ့ Sound Card တွေကိုတပ်ဆင်ပြီး အလုပ်လုပ်လေ့ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ Mobile Device တွေမှာပါတဲ့ အသံကိုထုတ်လွင့်ပေးတဲ့ driver တွေဟာ တခါတလေ ကွန်ပျုတာမှာပါတာထက်တောင် ညံ့ပါသေးတယ်။ အထူးသဖြင့် တရုတ်ဖုန်းတွေမှာပါ။

အကြမ်းအားဖြင့် စျေးကြီးတဲ့ vendor တွေဖြစ်တဲဲ့ Apple တို့ Sony နဲ့ Samsung တို့ကထုတ်တဲ့ Mobile device တွေမှာပါတဲ့ DAC တခြားဖုန်းတွေထက် ပိုကောင်းလေ့ရှိပါတယ်။ အဲဒါကိုမှ အားမရတဲ့အခါ DAC ကိုသီးသန့်တပ်ဆင် အသုံးပြုလာကြပါတယ်။ DAC တွေမှာ သယ်လို့ရတဲ့ Portable version နဲ့ Power ပြန်ကျွေးရတဲ့ stationary version တို့ဆိုပြီးရှိပါတယ်။ DAC ရဲ့ တာဝန်ကတော့ Digital Format တွေကို Analog အနေနဲ့ အနီးစပ်ဆုံးဖြစ်အောင် convert လုပ်ရတာပါ။ Quality ပေါ်မူတည်ပြီး စွမ်းဆောင်ရည်ကကွာပါတယ်။ ဒီနေရာ Digital Wave တွေကို convert လုပ်တာဖြစ်တဲ့ အတွက် မူရင်း Audio file ရဲ့ quality ကလည်း ကောင်းဖို့လိုပါတယ်။ မကောင်းရင်တော့ သိပ်တော့ မထူးပါဘူး။ အဲဒါကြောင့် ပုံမှန် mp3 တို့ aac တို့ကို bitrate နဲ့အမျှခွဲခြားနိုင်ပြီး ဆိုဒ်ပိုကြီးပြီး ပိုစိပ်တဲ့ FLAC တို့ DSD format တို့ပါရှိပါတယ်။ FLAC ကတော့ ပုံမှန်အားဖြင့် support လုပ်ပြီး DSD ကတော့ တချို့ DAC တွေအတွက် feature တစ်ခုလိုဖြစ်နေပါသေးတယ်။


ဒုတိယ တစ်ခုကတော့ Amp လို့ အတိုကောက်ခေါ်တဲ့ Amplifer တွေပါ။ Amplifier တွေဟာ signal ရဲ့ power ကိုချဲ့ပေးတဲ့ ကရိယာတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Amplifier တွေဟာ လိုအပ်လေ့မရှိပေမယ့် Impedance များတဲ့ Headphone တွေအတွက်တော့ အဆင်မပြေပါဘူး။ ပုံမှန် နားကြပ်တွေရဲ့  Impedance ဟာ 32Ohm ရှိပြီးတော့ computer ရော mobile device တွေက support လုပ်ပေးနိုင်ပေမယ့်  တချို့ headphone တွေ အထူးသဖြင့် Open back headphone တွေမှာ  Amp မရှိရင် သူ့ရဲ့ performance ကိုအပြည့်အဝမရပါဘူး။

ဥပမာ Sennheiser HD600 မှာ Impedance 300 ohm လိုတဲ့အတွက် အဲဒါကို ဖြည့်ဆည်းပေးနိုင်တဲ့ Amp လိုပါတယ်။ Headphone မှာပါဝင်တဲ့ driver ရဲ့ နန်းကြိုး အကြီးအသေးပေါ်မူတည်ပြီး လိုအပ်တဲ့ Impedance တွေက ကွာခြားသွားပြီး အဲဒါက အသံထွက်အားကို မူတည်တက်ပါတယ်။ Close Back Headphone ထဲမှာဆိုရင်တော့ ဥပမာအနေနဲ့ beyerdynamic DT 770 ဆိုရင် 35 ohm, 80 ohm နဲ့ 250 ohm ဆိုပြီး version သုံးခုထွက်ပြီးတော့ ပထမတစ်ခုအနေနဲ့ကတော့ amp မလိုအပ်ပါ။ အဲဒါကြောင့် Amp မဝယ်ခင် ကိုယ်ရဲ့ gear ဟာ impedance ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။

အဲဒီလို DAC တွေ Amp တွေဝယ်ရမှာ ရှုပ်တယ်ထင်တဲ့သူတွေအတွက် အခြား alternative အနေနဲ့ DAP လို့ ခေါ်တဲ့ Digital Audio Player တွေလည်းရှိပါတယ်။ ဥပမာ Sony ရဲ့ Walkman series တို့ Fiio M11 တို့လိုမျိုးပါ။ အဲဒါမှ မဟုတ်ပဲနဲ့ ဖုန်းအနေနဲ့ ဝယ်ချင်တယ်ဆိုရင်တော့ LG V30 လိုဖုန်းမျိုးက Audiophile တွေအတွက် Hifi Quad DAC ဆိုပြီး support လုပ်ပေးပြီး impedance 600 ohm အထိရတယ်လို့ သိရပါတယ်။


နောက်တစ်ခုကတော့ နားကြပ် စမ်းတဲ့ ပုံစံပါ။ ကျွန်တော်ကိုယ်တိုင်လည်း Professional မဟုတ်တော့ တချို့အပိုင်းတွေလျော့ရဲတာမျိုးရှိချင်ရှိပါလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ ကျွန်တော် စမ်းတာက Spotify ရဲ့  Songs To Test Headphone With ဆိုတဲ့ playlist ပါ။ သီချင်းအမျိုးမျိုးက နားကြပ်ရဲ့  properties အမျိုးမျိုးကို ဖော်ပြပေးပါတယ်။

ဥပမာ Yosi Horikawa ရဲ့ Bubble သီချင်းမျိုးဆိုရင် Sound Stage တွေခွဲတာ တော်တော်အသုံးဝင်ပါတယ်။ သူကိုယ်တိုင်ကလည်း Sound Designer ဆိုတော့ direction ပေါင်းများစွာက အသံကို music အနေနဲ့ဖန်တီးထားပြီး နားကြပ်ကောင်းရင် ကောင်းသလို အသံက ဘယ်နေရာက လာတယ်ဆိုတာ ပိုပိုပြီး accurate ဖြစ်ပါလိမ့်မယ်။

ထပ်ပြီးကျွန်တော် အနေနဲ့ နားထောင်တာက တူရိယာ တွေနဲ့ ရှုပ်ထွေးတဲ့ သီချင်းတွေမှာ ဘယ်လိုမျိုးနေသလဲ (Sound Signature) တို့ ဘယ်လို tune ထားသလဲဆိုတာတွေကို နားထောင်ပါတယ်။ များသောအားဖြင့်က Jazz သီချင်းတွေပါ။ နောက်တစ်ခုက Vocal Power ကို အဓိကထားတဲ့ သီချင်းကို ရှာနားထောင်ဖြစ်ပါတယ်။  ဥပမာ Pentatonix ကဆိုထားတဲ့ hallelujah လိုသီချင်းမျိုးမှာ countertenor ဆိုတဲ့ အချိန်မှာ နားကြပ်က ဘယ်လိုကြားရသလဲ စသဖြင့်ပေါ့။  

အခုတော့ Joshua Valor ရဲ့ video ကိုကြည့်ပြီး သဘောကျလို့  သူ့ရဲ့ နည်းကို စံထားပြီးတော့ စမ်းပါတယ်။  နောက်ဆုံးအနေနဲ့ အကြမ်းဖြင်း ကိုယ်တပ်တဲ့ နားကြပ် အကြောင်းသိပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ သီချင်း အမျိုးအစားနဲ့ ပြန်ပြီး နားထောင်ကြည့်ပါ။ တကယ့်တကယ် နိစ္စဓူဝ နားထောင်မှာ ဒီသီချင်းတွေကိုး။ ပုံမှန်အားဖြင့် ယှဉ်နားထောင်ရင် တစ်ခေါက်နဲ့ နှစ်ခေါက်နဲ့က ကွဲပြားတဲ့ ရလဒ်မရပါဘူး။ အကြိမ်ကြိမ် တစ်နေရာတည်း နေရာပေါင်းများစွာ ယှဉ်နားထောင်မှာ ကွဲပြားခြားနားချက်ကသိရတာပါ။ ဒါတောင် စျေးကြီးတဲ့ နားကြပ်ဆိုရင် ပိုယှဉ်ရခက်ပါသေးတယ်။

အကြမ်းအားဖြင့် ကျွန်တော် သူငယ်ချင်းတစ်ယောက် ပြောဖူးသလို $200 ကျော်တဲ့ နားကြပ်စဝယ်တာနဲ့ နားကြပ်တစ်ခုတည်းနဲ့ တင် မလုံလောက်တော့ပါဘူး။ ကိုယ်ရဲ့ audio နားထောင်တဲ့ chain တစ်ခုလုံးကို ပြန်စဉ်းစားရပါပြီ။ DAC နဲ့ Amp ကိုသက်သက်ဝယ်မလား ၊ နှစ်ခုပေါင်းထားတဲ့ဟာဝယ်မလား ၊ ဒါမှမဟုတ် DAP လိုမျိုးဝယ်မလား ၊ Mobile ကိုပဲကောင်းကောင်းဝယ်ပြီး ဘက်စုံသုံးမလား စသဖြင့်စသဖြင့်ပေါ့။

နောက်ဆုံးတော့ အပေါ်မှာ ဘယ်လိုပဲပြောထားပြောထား ကိုယ်သုံးတာဆိုတော့ ကိုယ်ကြိုက်တာသာ ဝယ်ပါ။ အဲဒီလို ဝယ်ယူခြင်းအတွက် အထောက်အပံ့ဖြစ်ရင် ဝမ်းသာပါတယ်။

Photo by Chichi Onyekanne on Unsplash


Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris