iTune Giftcard မှာ ပိုက်ဆံကျန်နေတဲ့အခါ region ဘယ်လိုချိန်းမလဲ
ပထမဆုံး US region ကနေ Myanmar region ပြောင်းဖို့အတွက် Apple ID မှာကျန်နေတဲ့ လက်ကျန် သုံးလို့မရတဲ့ ပိုက်ဆံတွေတွေကို 0$ ပြန်ပြောင်းမယ်။ တစ်ဒေါ်လာအောက် ဖြစ်နေမှ လုပ်ဖို့အကြံပေးပါတယ်။ တစ်ဒေါ်လာအထက် ရှိနေရင် သီချင်းဖြစ်ဖြစ် Sega က Sonic game ဖြစ်ဖြစ်အခြား တစ်ဒေါ်လာဝန်းကျင် ရှိတဲ့ app တစ်ခုခုဝယ်ပြီးမှ တစ်ဒေါ်လာအောက် ရောက်အောင်လုပ်ပြီးမှ Live chat support ကိုသွားပါ။ Apple ကရစ်ပါတယ်။ အကယ်လို့ 0$ ဖြစ်ပြီးသားဆိုရင်တော့ တန်းပြီး region ပြောင်းလို့ရပါတယ်။ ဘာတွေလိုအပ်မလဲဆိုရင်တော့
၁။ apple ID လုပ်ထားတဲ့အီးမေးရယ်
၂။ ကျန်နေတဲ့ balance ရယ်လိုပါတယ်
၃။ စကားပြောတတ်ဖို့လိုပါတယ်
နံပါတ် (၁) နဲ့ (၂) က ဆိုင်က လုပ်ပေးတယ်ဆိုရင် ဆိုင်က လူတွေကို လုပ်ခိုင်းလည်း ရပါတယ်။ Password ပေးစရာမလိုပါဘူး။ ကိုယ်တွေ အခုလေးတင် သူငယ်ချင်းသုံးယောက် ရဲ့ အကောင့်တွေကို 0$ ဖြစ်အောင် လုပ်ပေးထားတာမို့ပါ။ ကိုယ့်ဟာကိုယ်လုပ်လည်း အဆင်ပြေ ပါတယ်။ အတွေ့အကြုံ ပေါ့။
(၃) ကတော့ စကားပြောတတ်ဖို့ လိုပါတယ်။ ဆိုလိုတာက ကိုယ့်မှာ အကြောင်းပြချက် ကောင်းကောင်း လိုပါတယ်။ လက်တလော Myanmar ကို support ပေးလို့ US region ကနေ ပြောင်းချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ app တွေဝယ်ရင် card သုံးချင်လို့ပါ။ အရင်က မြန်မာကို support မလုပ်လို့ Myanmar region လုပ်ချင်လို့ပါ ဘာညာပေါ့။ အချိန်ဘယ်လောက်ကြာလဲ တော့မပြောတတ်ဘူး။ Live Chat support ဆိုတော့ တစ်ခါတလေ စိတ်မရှည်တဲ့လူတို့ ကိုယ်ပြောနေတာ ဘာမှန်း နားမလည်တဲ့သူတို့နဲ့ တိုးတတ်ပါတယ်။ အဲ့တော့ မီးစင်ကြည့်က ရမယ် ဆိုပေမယ့် Live Chat က လူတော်တော်များများက ကိုယ်ပြောလို့မသိရင်တောင် စိတ်ရှည်ပါတယ်။ သေချာလေး ရှင်းပြပေါ့။
Live Chat support ကိုဘယ်လိုသွားမလဲ ရင် ဒီလင့်ကိုသွားလိုက်ပါ။
ဒါကတော့ reference ယူဖို့ chat log လေးပါ။မဖတ်လဲရပါတယ်