Redis Book

Redis Book

Kerl Seguin ရဲ့ စာအုပ်သုံးအုပ်ကို စတွေ့ကတည်းက ပြန်ဖို့ စဉ်းစားခဲ့တာ ဒီစာအုပ်ပြီးသွားတော့ ကျွန်တော်ရဲ့  Objective တစ်ခုအနေနဲ့ ပြည့်သွားပြီပြောလို့ရပါတယ်။ ဒီနှစ်ပိုင်းမှာ အသံကျယ်ကျယ်မတွေ့ရပေမယ့် လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အပိုင်းတွေနဲ့ပတ်သတ်ပြီး အထောက်အကူဖြစ်အောင်လို့ ပြန်တာပါ။ အထူးသဖြင့် သုံးအုပ်လုံးဟာ မြန်မာလို Resource တွေနဲ့ အခုပြန်တဲ့ စာအုပ်တွေလို သီးခြားစီ အထူးပြုသင်ကြားတာတို့  မတွေ့ရသလို ပြောကြတာလည်းနည်းပါတယ်။ Golang ကတော့ system language ဆိုတော့ ခဏဖယ်ထားရင် ကျန်တဲ့နှစ်ခုဟာ Database  လို့အကြမ်းဖျင်းပြောလို့ရပါတယ်။

ကျွန်တော်တို့ Community မှာ သတိထားမိသလောက် Programming Language တွေကို စိတ်ဝင်စားမှုတွေ နဲ့ မျှဝေပေးမှုက ပိုများပြီးတော့ ဒီဘက်အပိုင်း ဖြစ်တဲ့ Database နဲ့ Distributed System အပိုင်းကို ပြောကြတာက နည်းပါတယ်။ သို့သော်လည်း တကယ့်တကယ် လက်တွေ့မှာ အသုံးဝင်မှုအနေနဲ့က အနည်းဆုံး 50/50 လောက်ဖြစ်တဲ့ အတွက် ဒီဘက်ပိုင်းတွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါအပြင် feature တွေကို သိထားခြင်းဖြင့် တချိန် ကိုယ့် application ကို design လုပ်တဲ့အခါမှာလည်း ပိုပြီး smart ကျကျနဲ့ လုပ်ကိုင်နိုင်မှာဖြစ်တဲ့ အတွက် အကျိုးကျေးဇူးရှိပါတယ်။

လက်ရှိတော့ Translation လုပ်တာ ရပ်ပြီး တခြား ပိုစ်တွေ တင်ဖို့ရှိပေမယ့် ဒီစာအုပ်သုံးအုပ်နဲ့ Manga Project ရဲ့ fix တွေတော့ အလျင်းသင့်သလို ပြင်သွားဖို့ရှိပါတယ်။ အခု ဒီစာအုပ်ကို PDFEPUB နဲ့ Mobi version သုံးမျိုး release လုပ်ပေးထားပြီး နှစ်သက်ရာ ဒေါင်းနိုင်ပါတယ်။Contribute လုပ်မယ်ဆိုရင်တော့ ဒီလင့်ကနေ လုပ်နိုင်ပါတယ်

ဆက်စပ်ပြီး Database များနဲ့ပတ်သတ်ပြီး ပိုမိုကျယ်ဝန်းတဲ့ Knowledge လိုချင်ရင်တော့ ကိုလူပျိုညွန်းဖူးတဲ့ Designing Data-Intensive Applications ကိုသာဖတ်ကြည့်ပါ။ အချိန်အတော်ပေးရပေမယ့် ရတဲ့ Knowledge နဲ့ဆို တန်ပါတယ်။



Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris