The Little Go Book

ဒီစာအုပ်က Golang ကိုမလေ့လာဖြစ်ခင်ကတည်းက သူများတွေ tweet ထားတာကို မြင်မိတဲ့ စာအုပ်ပါ။ ကိုယ်တိုင်ဖတ်ကြည့်တော့လည်း လွယ်လည်းလွယ် ဆွဲလည်းဆွဲဆောင်နိုင်ပြီးတော့ အရမ်းကြီး ဟုန်သွားတဲ့ စာအုပ်မျိုးမဟုတ်တော့ စတင်လေ့လာတဲ့သူတွေ ဖတ်ရင် အဆင်ပြေလောက်မယ်လို့ တွေးမိတယ်။

The Little Go Book


ဒီလပိုင်းမှာ Golang ကို လေ့လာဖြစ်တော့ အဓိက ရှာဖတ်တဲ့စာအုပ် အမျိုးအစားကတော့ ခပ်ပါးပါးနဲ့  child project မျိုး စမ်းလို့ရမယ့် စာအုပ်မျိုးပါပဲ။   နဂိုကတည်းက ပျင်းတတ်တဲ့လူဆိုတော့ စာအုပ်အထူကြီးတွေဖတ်ရင် ဖတ်ရင်းနဲ့ လေးသွားပြီး ဘာမှမစမ်းဖြစ်တဲ့ အနေအထားမျိုးရောက်မှာစိုးလို့ ကျစ်ကျစ်လျစ်လျစ်နဲ့  လုပ်ငန်းခွင်မှာ ready မဖြစ်ရင်တောင် project အသေးလေးတစ်ခုရေးလို့ရမယ့် စာအုပ်ကို ရှာကြည့်တော့ Karl  Seguin ရေးတဲ့ The Little Go book ဆိုတဲ့ တစ်အုပ်ကိုတွေ့တယ်။ ဒီစာအုပ်က Golang ကိုမလေ့လာဖြစ်ခင်ကတည်းက သူများတွေ tweet ထားတာကို မြင်မိတဲ့ စာအုပ်ပါ။ ကိုယ်တိုင်ဖတ်ကြည့်တော့လည်း လွယ်လည်းလွယ် ဆွဲလည်းဆွဲဆောင်နိုင်ပြီးတော့ အရမ်းကြီး ဟုန်သွားတဲ့ စာအုပ်မျိုးမဟုတ်တော့ စတင်လေ့လာတဲ့သူတွေ ဖတ်ရင် အဆင်ပြေလောက်မယ်လို့ တွေးမိတယ်။

အဲဒါနဲ့ ကိုယ်ကလည်း language အသစ်တစ်ခုစလေ့လာရင် ကျွမ်းကျင်အောင် လုပ်လေ့လုပ်ထရှိတာက ပြန်သင်ပြတာရယ် ၊ Child Project လေးရေးဖြစ်တာရယ် ဖြစ်တော့ နှစ်ခုလုံးလုပ်ဖြစ်အောင် ဒီစာအုပ်ကို ဘာသာပြန်ဖြစ်တာရယ် github မှာ project အသေးလေးရယ် ရေးဖြစ်တယ်။ ဒုတိယ အကြောင်းကတော့ နောက်တစ်ခေါက်မှ အကျယ်ချဲ့ပြီးရေးပါတော့မယ်။ ဒီစာအုပ် အကြောင်းပြောရရင်တော့ စာအုပ်က စာမျက်နာ (၁၀၀) ကျော်လောက်ပါပြီး ပါးတယ်လို့ ဆိုရပေမယ့် သူ့ အတိုင်းအတာ တခုထိတော့ ဖတ်ပြီးလေ့လာရင် အဆင်ပြေပါတယ်။ အပြစ်ပြောချင်ရင်တော့ ဟို feature ဒီ feature မပါဘူးလို့ ပြောလို့ရကောင်းရပေမယ့် စာမျက်နှာ (၁၀၀) ကျော်မှာ ဒီလောက်ပါတာ အတော်လေး အဆင်ပြေသလို စတင်လေ့လာဖို့အတွက် လှော်တက်နဲ့လှေ ပေးထားနိုင်တဲ့ အနေအထားဖြစ်တဲ့ အတွက် ဖတ်သင့်တယ်လို့ ထင်ပါတယ်။

အဲဒါကြောင့် အလုပ်တစ်ဖက်နဲ့ ဘာသာပြန်တာ သုံးပတ်လောက်ကြာတော့ ပြီးသွားပေမယ့် တစ်ယောက်တည်းပြန်တာ ဖြစ်တဲ့ အတွက် တချို့ အပိုင်းတွေမှာ လိုတာ၊ မပြည့်စုံတာ၊ ကျန်ခဲ့တာ၊ ပိုကောင်းအောင် လုပ်လို့ရနိုင်တာတွေ ရှိပါတယ်။ Github မှာတင်ထားတာဖြစ်တဲ့အတွက် အဲဒီအတွက်ကို ပိုပြီးတိုးတက်အောင် Issue request တွေနဲ့ ဖြစ်စေ Facebook, twitter, နဲ့ ဒီ post ရဲ့ comment အောက်အကြံပေးနိုင်သလို၊ ဝင်ပြင်ချင်တယ်ဆိုရင်လည်း pullrequest အနေနဲ့ တင်ပေးပါ။ ကျွန်တော်ကတော့ ဒီစာအုပ်ကို ကျွန်တော် တစ်ယောက်တည်း ဘာသာပြန်တဲ့ စာအုပ်ထက်စာရင် မြန်မာပြည် Community မှာ Golang စတင်လေ့လာချင်သူတွေအတွက် solid ဖြစ်တဲ့ စာအုပ်တစ်အုပ်အနေနဲ့ကို ဝိုင်းဝန်းကူညီစေချင်ပါတယ်။

စာအုပ်ကိုတော့ download လုပ်ရမှာ document format သုံးခုလုံးလုပ်နိုင်အောင် parse လုပ်ပေးထားပါတယ်။ Link တွေကတော့ ဒီမှာပါ။ ( epubpdfMobi )   Markdown အနေနဲ့ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။ Github Repo အနေနဲ့ကတော့ ဒီမှာပါ။

(Updated At December 6, 2019)

နောက်ထပ် Karl  Seguin ရေးတဲ့ Little MongoDB တို့ Little Redis တို့ကိုလည်း ပြန်ပြီးသွားပါပြီ။ နောက်ထပ် အသစ်အသစ်တင်မယ့် post တွေကို update to date ဖြစ်ချင်ရင် ကျွန်တော်တို့ blog ရဲ့ facebook page ကို like လုပ်ထားရင်တော့ သိနိုင်မှာပါ

Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris