ပြန်လာခြင်း

ပြန်လာခြင်း

လွန်ခဲ့တဲ့နှစ်တွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မှတ်စုတို လေးကို ဂျောင်ထိုးထားသို ဖြစ်သွားတယ်။ ဘဝတွေက အရင်လိုမျိုး အေးဆေးလေးထိုင်ပြီး အရေးဖို့ အချိန်မရှိတော့တာလည်း ပါမှာပေ့ါ။

အမှန်ပြောရရင် ဒီနေရာက တစ်ခုခု ကြီးကြီးမားမား ရေးဖို့အတွက်မဟုတ်ဘူး။ တစ်နေ့တစ်နေ့မှာ တွေးမိတဲ့အရာလေးတွေ၊ ကြုံတွေ့ရတဲ့အတွေ့အကြုံတွေ၊ တခါတလေ ဘာမှအဓိပ္ပာယ်မရှိဘူး လို့ထင်ရပေမယ့် ပြန်ကြည့်လိုက်ရင် အဓိပ္ပာယ်ရှိနေတဲ့ အတွေးတိုလေးတွေကို ထားချင်တဲ့နေရာပါပဲ။

အရင်ကလိုပဲ ဒီ blog ကို တစ်ယောက်တည်းမဟုတ်ဘဲ သူငယ်ချင်းတွေကလည်း သူတို့ရဲ့အမြင်တွေ၊ သူတို့ရဲ့အသံနဲ့ ပါဝင်လာမယ်လို့မျှော်လင့်မိတယ်။ တူညီတဲ့အရာတစ်ခုကို လူတစ်ယောက်ချင်းစီရဲ့ မတူတဲ့အတွးတွေကို ဖတ်ရတာက ဒီနေရာရဲ့အဓိကအရသာပါ။

ဒီတစ်ခါ ပြန်စတဲ့အခါမှာတော့ consistency ကို ပိုအရေးထားမယ်လို့ ဆုံးဖြတ်ထားတယ်။ Perfect မဟုတ်သေးလည်း အရေးမကြီးပါဘူး။ Post တိုတိုပဲဖြစ်ဖြစ် ဆက်တိုက် ရေးနိုင်ဖို့က ပိုအရေးကြီးတယ်လို့ထင်ပါတယ်။

တစ်ခါတလေ လူတွေက စာရေးဖို့ကောင်းတဲ့အချိန် ကိုစောင့်တတ်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်က ဘယ်တော့မှ မရောက်လာတတ်တာလည်းဖြစ်သွားနိုင်တယ်။

ဒါကြောင့် ဒီ post ကို ပြန်စရေးတဲ့ ပထမဆုံးမှတ်စုအဖြစ် ထားလိုက်ပါတယ်။ အများကြီး ပြန်ရေးနိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။

Photo by Towfiqu barbhuiya on Unsplash