Sakura က ဘာလို့ အသုံးမကျတာလဲ

Sakura နဲ့ တစ်ဖွဲ့ထဲဖြစ်တဲ့ Naruto နဲ့ Sasuke တို့နဲ့ယှဉ်လိုက်ရင် အသုံးမကျဘူးဆိုပေမယ့် တကယ်တမ်း 'useless' လို့ပြောရလောက်တဲ့ Shinobi တွေလိုမျိုး တကယ်ပဲ အသုံးမကျတာလား?

Sakura က ဘာလို့ အသုံးမကျတာလဲ

အခုရက်ပိုင်း Facebook ပေါ်မှာ Sakura ဆံပင်ဖြတ်လိုက်တဲ့အပိုင်းကို ပြန် share နေတာမြင်ရတော့ အရင်တုန်းက အဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး တစ်ယောက်တစ်ပေါက် ပြောခဲ့တာတွေကို ပြန်မှတ်မိသေးတယ်။

သေချာတာကတော့ Sakura က လုံးဝ အသုံးမကျတာမျိုးမဟုတ်ဘူး။ စဉ်းစားကြည့်လေ ငယ်ငယ်တုန်းက အပိုင်းကို ပြန်ကြည့်မယ်ဆိုရင် Naruto နဲ့ Sasuke တို့ထက်ပိုပြီးတော့ chakra control ကောင်းတယ်။ Jutsu တွေဘယ်လို အလုပ်လုပ်တယ်၊ chakra network ဘယ်လို အလုပ်လုပ်တယ်ဆိုတာတွေနဲ့ ပတ်သတ်ပြီး အခြေခံသီအိုရီပိုင်းမှာ Naruto တင်မကဘူး Genius လို့ အမည်တပ်ခံရတဲ့ Sasuke ထက်ပါသာတယ်ဆိုတာ မြင်ခဲ့ကြရတာပဲလေ။ Sakura မှာ လိုအပ်နေတာက တိုက်ရည်ခိုက်ရည်ပဲ။ အဲ့ဒီအချိန် Uchiha clan ရဲ့အတော်ဆုံးလို့ပြောလို့ရတဲ့ အစ်ကိုဖြစ်သူ Itachi ရဲ့ နေ့စဉ်လေ့ကျင့်ပေးမှုတွေကြောင့် အမြဲတမ်း တိုက်ခိုက်ဖို့ ready ဖြစ်နေတဲ့ Sasuke နဲ့ ဘယ်တော့မှ စိန်ခေါ်မှုတွေကို နောက်ဆုတ်တာမျိုးမရှိပဲ hot-head အရမ်းဖြစ်တဲ့ Naruto တို့နဲ့ယှဉ်ရင်တော့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးဖြစ်တဲ့ Sakura က အသုံးမကျတာ မဆန်းပါဘူး။

ဆက်ပြီးတော့ အရမ်း ဟော့ဖြစ်နေတဲ့ Sakura ဆံပင်ဖြတ်လိုက်တဲ့အခန်းအကြောင်းကို ပြောကြတာပေါ့။ တော်တော်များများက အခုကျမှ Screenshot လေးတွေ ကိုယ်စီနဲ့ Kin ကို Kunai နဲ့ မထိုးပဲ ကိုယ့်ဆံပင်ကိုယ် ဖြတ်ပစ်လိုက်တယ်ဆိုပြီးတော့။ Naruto ကော Sasuke ပါ မလှုပ်နိုင်တော့ဘူး။ အဲ့ဒီအချိန်မှာ Kin က Sakura ရဲ့ ဆံပင်ကို ဆွဲထားလိုက်တယ်။ အဲ့ဒီအချိန်မှာ Kin ပြောလိုက်တာကို သတိမမှုလိုက်ဘူးနဲ့တူတယ်။ Sakura က တကယ့် ninja တစ်ယောက်မဟုတ်ပဲ လေ့ကျင့်နေဖို့ထက် သူ့ကိုယ်သူ ကြည့်ကောင်းဖို့ လှနေဖို့လောက်ပဲ ဂရုစိုက်တဲ့သူမျိုးလို့ ပြောခဲ့တယ်။ အဲ့ဒါကြောင့်လည်း Sasuke က ဆံပင်ရှည်တဲ့မိန်းကလေးတွေကို ကြိုက်တယ်ဆိုကတည်းက နေ့တိုင်း သေချာဂရုစိုက်နေတဲ့ တန်ဖိုးထားတဲ့ သူ့ဆံပင်ကို ဖြတ်ပစ်လိုက်တာပေါ့။ ဆံပင် မဖြတ်ပဲနဲ့ Kunai နဲ့ ထိုးလိုက်လို့မရဘူးလားလို့ ပြောကြတယ်။ စဉ်းစားကြည့်လေ Kin က နလပိန်းတုန်း ninja တစ်ယောက် မဟုတ်ဘူး။ အဲ့မတိုင်ခင်မှာ ရှုံးတာကလည်း Shikamaru လို genius နဲ့တွေ့လိုက်လို့။ တော်ရုံ Naruto လောက်ဆိုရင် နိုင်မှတောင်မဟုတ်ဘူး။ အဲ့လိုလူမျိုးက Sakura ရဲ့ လက်ထဲမှာ Kunai ရှိနေတာ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားမယ်ဆိုတာ တွေးမိမှာပဲ။ အကယ်လို့ ထိုးလိုက်မိတယ် deadly spot ကို ထိုးမိဖို့က တော်ရုံလွယ်မှာမဟုတ်ဘူး။ မယုံရင် ကိုယ့်ခေါင်းကို အဲ့လိုမျိုး အကိုင်ခံပြီးတော့ လုပ်ကြည့်ကြည့်ပေါ့။ အနည်းဆုံးတော့ Sakura က လိုအပ်တဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ အချိန်ဆွဲထားပေးနိုင်ခဲ့တယ်။

ပြောမယ်ဆိုရင် Part 1 မှာတုန်းက တမင်ကို အဲ့လိုဖြစ်အောင် လုပ်ထားပုံပဲ။ Sasuke ဆိုရင် Itachi ကို ပြန်လက်စားချေဖို့ ကြိုးစားတယ်။ Naruto ဆိုရင်လည်း တစ်ရွာလုံးက သူ့ကို အသိအမှတ်ပြုလာဖို့အတွက် Hokage ဖြစ်ဖို့ကြိုးစားတယ်။ Sakura အတွက်က ဘာမှရေရေရာရာမရှိဘူး။ Ninja ဆိုတာက Naruto anime ထဲမှာ အလုပ်အကိုင်တစ်ခုလိုပဲ။ အရွယ်ရောက်တဲ့သူတိုင်း Ninja ဖြစ်နိုင်တယ်။ ဘယ်မိသားစု မျိုးရိုးကမဆို ninja ဖြစ်ဖို့ အခွင့်အလမ်းရှိသလို ရွာမှာအကြီးဆုံး ခေါင်းဆောင် Hokage ဖြစ်ဖို့ကလည်း Ninja ကနေပဲ တစ်ဆင့်ချင်းတက်ရမှာ။ အဲ့တော့ သာမန်မျိုးရိုးကလာတဲ့ Sakura အနေနဲ့ အသုံးမကျတာ မထူးစမ်းဘူး။ သူနဲ့အတူတူ ရှိနေတဲ့ နှစ်ယောက်က အဓိက ဇာတ်ကောင်နှစ်ယောက် ဖြစ်နေတဲ့အပြင် ဆရာဖြစ်သူကလည်း copy ninja ဆိုပြီးတော့ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့သူ။ အဲ့ဒီသူတွေကြားထဲမှာ overshowed လုပ်ခံရတာမဆန်းပါဘူး။ လူတွေ Sakura is Useless ဆိုတာက အဲ့မှစတာမဟုတ်ဘူး၊ ပထမဆုံး Mission ဖြစ်တဲ့ Zabuza တို့နဲ့တွေ့ကတည်းက လူတော်တော်များများက Sakura က ဘာမှမလုပ်တတ်ပဲ သူ့ကိုပဲ ကာကွယ်ပေးနေရတယ်ဆိုပြီး မကြိုက်တာ။ လူအများလိုချင်တာက Team ဆိုတဲ့ အတိုင်း သုံးယောက် အတွဲညီညီရှိနေရမယ့်အစား Naruto နဲ့ Sasuke ရဲ့ character development တွေက သိသာပေမယ့် Sakura အတွက်က သိပ်မရှိခဲ့ဘူး။ အဲ့ဒါကလည်း ပြောရမယ်ဆီုရင်တော့ Kishimoto ရဲ့ မိန်းကလေးဇာတ်ကောင်တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုရေးရမလဲဆိုတာ မသိတဲ့အချက်ကိုပဲ ထောက်ပြရမှာပဲ။

Shippuden ရောက်တဲ့အချိန်မှာတော့ Sakura ရဲ့ character development ကို စမြင်လာရတယ်။ ဒါပေမယ့်လည်း လူတွေက Naruto နဲ့ Sasuke တို့ sage of six paths အစွမ်းတွေရတာပဲ မြင်ကြပြီး Sakura ကို အသုံးမကျဘူးပဲ မြင်နေကြတယ်။ ဇာတ်လမ်းတစ်ခုလုံးကလည်း သူတို့ နှစ်ယောက်အပေါ်မှာပဲ Focus ထားတာကိုး။ Sakura မပြောနဲ့ Neji, Lee, Shikamaru အပါအဝင် တခြား ဘယ်သူမှဆီက ဘာ technique အသစ်မှ မမြင်ခဲ့ရဘူး။ ဟိုနှစ်ကောင်ပဲ Rasengan တွေ Chidori တွေကို ပုံစံအမျိုးမျိုးနဲ့ ရနေကြတာ။ အဲ့ဒါတောင်မှ Fourth Shinobi Great War မှာ Medical Ninja တစ်ယောက်အနေနဲ့ကော Jonin တစ်ယောက်အနေဲ့ပါ Sakura တစ်ယောက် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သေးတာပဲ။ 5th Hokade ဖြစ်တဲ့ Tsunade လောက်ကို စွမ်းဆောင်နိုင်စွမ်းရှိတယ်။ Sasuke fangirl ဖြစ်တာရယ်၊ Sasuke ကို သတ်ဖို့ ကြိုးစားတာရယ်၊ Naruto အပေါ်ကို fake confession လုပ်တာရယ်တွေကြောင့် ကြည့်သူတွေက အမြင်ကပ်ကြတယ်လို့ပဲ မြင်တယ်။

အဆုံးသတ်ပြောချင်တာကတော့ Naruto ဆိုရင် Hokage ရဲ့သားတစ်ယောက်ဖြစ်သလို Child of Destiny လို့ သတ်မှတ်ခံထားရသူ၊ Sasuke ဆိုရင်လည်း နာမည်ကြီး Uchiha clan က genius တစ်ယောက်၊ Sakura ကတော့ Sakura ပဲ။ Hinata လို Backstory တောင် သေချာရှိတာမဟုတ်ဘူး။ အဲ့တော့ Haters gonna hate - ကျွန်တော့်အတွက်ကတော့ Naruto ထဲမှာ Tsunade နဲ့ Mei ပြီးရင် Sakura ကအတော်ဆုံး female shinobi တစ်ယောက်လို့ပဲ ပြောချင်ပါတော့တယ်။

Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris