နားကြပ်အသစ်

နားကြပ်ဝယ်ဖို့ စစဉ်းစားတော့ အဓိက ချိန်ကြည့်တာကတော့ Over-Ear ဖြစ်ရမယ် ၊ အသံလုံရမယ် ၊ အကြာကြီးတပ်နိုင်ရမယ်ပေါ့။ ဟိုအရင်တစ်လုံးဖြစ်တဲ့ Audio Technica တုံးက အသံပိုင်းဆိုင်ရာ အဆင်ပြေပေမယ့်

နားကြပ်အသစ်

ဒီတစ်ပတ် ရုံးကိစ္စရှိလို့ ပြည်ပခရီး ခဏထွက်ဖြစ်တာနဲ့  လက်ထဲမှာလည်း နားကြပ်အသစ်မရှိလို့ အသစ်ဝယ်ဖြစ်တယ်။ တကယ်တော့မရှိလို့ ဆိုတာထက် ထွက်ခါနီး နှစ်ရက်လောက် အလိုမှ သုံးနေကြ နားကြပ်လေးက ကျိုးသွားလို့ မရှိတော့တာလို့ ပြောတာ ပိုမှန်ပါလိမ့်မယ်။ ဟိုအရင်က Audiophile ဘာညာ အရူးထတုံးက နားကြပ်က သုံးလုံးလောက်ရှိပေမယ့် နောက်ပိုင်း အလုပ်ရှုပ်လို့ ရောင်းတဲ့ဟာက ရောင်း ၊ ချောင်ထိုးထားပြီး ပျောက်တဲ့ဟာက ပျောက်ဆိုတော့ နောက်ဆုံး ကျန်ခဲ့တာ Sony MDR XB450AP ဆိုတဲ့ discount နဲ့ ဝယ်တဲ့ နားကြပ်လေးပဲကျန်တော့တယ်။ ကိုယ်သုံးတာလည်း ကြမ်းတော့ ကြာတော့လည်း ပျက်ပေမှပေါ့ ၊ သုံးရတဲ့ Hour နဲ့ ပေးရတဲ့ စျေးနဲ့ ယှဉ်ရင်တော့ တန်တယ်လို့ ပြောရမယ်။

နားကြပ်ဝယ်ဖို့ စစဉ်းစားတော့ အဓိက ချိန်ကြည့်တာကတော့ Over-Ear ဖြစ်ရမယ် ၊ အသံလုံရမယ် ၊ အကြာကြီးတပ်နိုင်ရမယ်ပေါ့။ ဟိုအရင်တစ်လုံးဖြစ်တဲ့ Audio Technica တုံးက အသံပိုင်းဆိုင်ရာ အဆင်ပြေပေမယ့် အကြာကြီးတပ်ရင် နားနာတဲ့ ပြဿနာရယ် ၊ ကြာရင် leather အဖတ်တွေကွာကြတဲ့ ပြဿနာတွေရှိတယ်။ အဲကိစ္စက Earcushion အသစ်ဝယ်ရင် ရှင်းလို့ရပေမယ့် အဲဒီတုံးက နားကြပ်နှစ်လုံးရှိနေတော့ တစ်လုံးထုတ်ရောင်းလိုက်မိတာ အခု တစ်လုံးပါ ပျက်သွားတော့ အသစ်ဝယ်ရတဲ့ ကိန်း ဆိုက်ပါလေရော။ အဲဒီထဲမှာမှ ကျန်တဲ့ Brand တွေထဲမှာ စဉ်းစားမိတာ Sony ရဲ့ WH-1000 XM4 ရယ် ၊  Senheisser ရဲ့ HD6xx ရယ်ပဲရှိတယ်။ ပထမတစ်လုံးက Wireless, ANC နဲ့ device တွေမျိုးစုံ နဲ့သုံးရတာ အဆင်ပြေပေမယ့် အဆင်မပြေတာက စျေးပါ။ ဒေါ်လာစျေးဘာညာတက်တော့ အဲဒီလောက် ကိုယ်ကိုယ်ကို မသထာတော့တာနဲ့ နည်းနည်း စျေးသက်သာတဲ့ထဲကို ရှာကြည့်ရတာပေါ့။ HD6xx ကလည်း Massdrop နဲ့ Collab လုပ်တာဆိုတော့ အပြင်မှာရှာရတာ တော်တော်ခက်တယ်။ အဲဒါနဲ့ပဲ Beyerdynamic DT770 Pro ကိုစဉ်းစားမိတယ်။ တကယ်တော့ သူကလည်း ထူးထူးခြားခြားမဟုတ်ပါဘူး။ အရင်ဝယ်တဲ့ Audio Technica ATH-M50x နဲ့ ယှဉ်လေ့ရှိတဲ့ နားကြပ်ပါပဲ။ သူ့ Headband ကိုကြည့်ရတာ သက်သောင့်သက်သာ ဖြစ်မယ်ထင်လို့ အဲဒါ ရွေးမယ်ဆိုပြီး  K ကိုခေါ်ပြီး နားကြပ်သွားကြည့်ကြတယ်။

အဲဒီမှာရောက်တော့ အသံစမ်းကြည့်တော့ အဆင်ပြေပေမယ့် ရောင်းတဲ့ အန်ကယ်ကြီးက ဒါလည်းကြည့်ဦးဆိုပြီးတော့ DT990 ကိုပြတော့ နားထောင်ကြည့်တာ တော်တော်လေး သဘောကျသွားတယ်။ Sound Stage နဲ့ Detail ကလည်း ပိုပြီးကွာသွားသလို
Close-End Headphone တွေလို အသံက ကျပ်မနေဘူး။ နားထောင်ရတာ သက်သောင့်သက်သာရှိတယ်။ ဒါပေမယ့် ကိုယ်က အရမ်း sound leak ဖြစ်တာလည်းမလိုချင်တော့ K ကိုနားထောင်ခိုင်းကြည့်ပြီး စမ်းကြည့်တော့မဆိုးဘူး။ သူက Semi-Open ဆိုတော့ Open လောက် Sound Stage တွေ Detail တွေမကျန်ပေမယ့် အရမ်းလည်း leak မဖြစ်ဘူး။ သူ့ပြပြီးတော့ ထပ်နားထောင်တဲ့ Senheisser HD600 လည်း တော်တော်ကောင်းပါတယ်။ ခက်တာက Impedence တွေဘာတွေ တွက်ရတဲ့အခါကြရင် နောက်ထပ်နောက်ထပ် Amp တွေ DAC တွေ မဝယ်ချင်တော့လည်း DT990 ပဲယူဖြစ်လိုက်တယ်။ သို့သော်လည်းသူကလည်း Impedance က 250 ohm ဆိုတော့ Senheisser လို 600 ohm မဟုတ်ပေမယ့် Amp တို့ဘာတို့နဲ့ဆိုရင် တွန်းနိုင်ပါသေးတယ်။ အိမ်ရောက်တော့ PC/Laptop တွေနဲ့ တပ်နားထောင်ကြည့်တော့ ဆိုင်မှာနားထောင်ရတဲ့အတိုင်းပါပဲ။ သိပ်မကွာပါဘူး။ သို့သော် ipad နဲ့ နားထောင်ရင်တော့ နည်းနည်းတိုးနေသလိုခံစားရတယ်။ 250 ohm မတွန်းနိုင်လို့ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဆိုင်ရှင်ဦးလေးကြီးက မှာသွားတာတော့ တစ်လလောက် နားထောင်ပြီးမှ DAC တို့ Amp တို့နဲ့ တပ်နားထောင်မှ ထူးခြားချက်က သိသိသာသာ သိနိုင်မှာဆိုတော့ ပြန်ရောက်မှပဲ သူငယ်ချင်းတွေ setup က ခဏငှားပြီး နားထောင်ကြည့်ဦးမယ်။

လောလောဆယ် Audio Techinca ထက်ကြိုက်မိတာကတော့ Comfortable ဖြစ်တာရယ် ၊ အသံ Quality (wider sound stage and details) ပါပဲ။ Tuning ကတော့ Neutral ကို နည်းနည်း Warm ဖြစ်တဲ့ ဘက်သွားတယ်။ တော်တော်လေး crisp ဖြစ်တယ်ပြောရမယ်။ Bassy လည်းဖြစ်တယ်။ ကျန်တဲ့ Earcushion ကတော့ ဘယ်လောက် ခံမလဲ ကတော့ စောင့်ကြည့်ရဦးမယ်။ မကောင်းတာကတော့ သူ့  build က နည်းနည်း cheap ဖြစ်တဲ့ plastic နဲ့ လုပ်ထားပုံပေါက်တယ်။ အကြမ်းတော့ခံပေမယ့် premium ဖြစ်တဲ့ ခံစားချက်မရဘူး။ ပြီးတော့  cable က plug and play မဟုတ်ဘူး။ 1m coiled cable ကြီးနဲ့ အသေတပ်ထားတာ။ နည်းနည်းတော့ ကြောင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဆိုင်က ဦးလေးကြီးv ပြောပုံအရကတော့ Beyerdynamics က driver ကအစ အကုန်ဖြုတ်လဲရတယ်လို့ ပြောတာပဲ။ ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမှာပဲ။

Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris