Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

Developer အင်တာဗျူးအတွေ့အကြုံ (၂)
Two Women sitting on table (unsplash)

အခုလာမယ့် အဆင့်တွေကတော့ Developer တွေအတွက် challenging အဖြစ်ဆုံး အဆင့်ပါပဲ။ Company ပေါ်မူတည်ပြီးတော့ Developer တွေကိုမေးတဲ့ Interview Style ကအစားစားရှိသလို အဆင့်ဆင့်လည်း ဖြစ်နိုင်ပါတယ်။

Take Home Code Test

ဒါကတော့ project အသေးတစ်ခု ဒါမှမဟုတ် feature တစ်ခုကို ရက်အတိုအတွင်းမှာရေးခိုင်းပြီးတော့ အလုပ်ရှင်ဘက်က ပြန်စစ်တာပါ။ ဒီနေရာမှာ ရှိပြီးသား Repo တစ်ခုကို ပေးပြီး ဆက်ရေးခိုင်းတာ ဖြစ်သလို ၊ အစကနေ ရေးရတာတဲ့ Small Project လေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အချိန် ၁ ပတ်ကနေ ၂ ပတ်ကြားပေးလေ့ရှိပေမယ့် ကိုယ်ဟာကိုယ် အချိန်ကိုစီမံမခန့်ခွဲနိုင်ရင် မမှီတက်ပါဘူး။ ပထမဆုံးအဆင် အဓိက စဉ်းစားရမှာက Bare minimum ၊ MVP version ကိုပြီးအောင် အရင်လုပ်ပါ။ ပြီးမှ တဆင့်ပြီးတဆင့် improve လုပ်သွားတာ ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Unit Test ရေးဖို့ အားပေးလေ့ရှိတဲ့ အတွက် မူလ task ကိုပြီးအောင်လုပ်နိုင်လို့ အချိန်ရှိသေးရင် Test Cases တွေဖြည့်ရေးရင် ကောင်းပါလိမ့်မယ်။ ကိုယ်က နဂိုကတည်းက TDD ကိုအလေ့အထရှိပြီး အချိန်လည်းမှီမယ်လို့ ယုံကြည့်ရင်တော့ Test Cases တွေကနေစလည်းရပါတယ်။ အဲဒါအပြင် တချို့ ကုမ္ပဏီတွေက Git flow ကိုဘယ်လိုသုံးတာလဲဆိုတာ သိချင်တဲ့အတွက် တကယ့်အလုပ်လုပ်သလို Pull Request တွေလုပ်ပြီး Merge ရတာမျိုးလည်းရှိချင်ရှိနိုင်ပါတယ်။

လေ့ကျင့်ရန်

မိမိအသုံးပြုနေသော Tech Stack များကိုအသုံးပြုပြီး project အသေးများ develop လုပ်ထားပါက Interview Project ကို ပိုမိုချောမွေ့စွာဖြေဆိုနိုင်ပါလိမ့်မည်။

Live Coding Interview

ဒါကတော့ ကိုယ့်ကို Interview မယ့် Timeslot (၁ နာရီ - ၂ နာရီ) အတွင်းမှာ ဖြေရမှာဖြစ်ပါတယ်။ အဲဒီ test တွေမှာ လက်တွေ့ဆန်တဲ့ test တွေ ဥပမာ API နဲ့ UI ကိုချိတ်ပေးရမယ့် task အသေးမျိုးတွေဖြစ်နိုင်သလို ၊ Datastructure နဲ့ Algorithm ကိုမေးတဲ့ အင်တာဗျူးလည်းဖြစ်နိုင်ပါတယ်။  ပထမအမျိုးအစားဆိုရင်တော့ ပုံမှန်အားဖြင့် Take Home Code Test အတွက်ပေးထားတဲ့ Mission Objective တွေထက်သေးလေ့ရှိပါတယ်။

ဒုတိယအမျိုးအစားကတော့ သက်သက်ကို Subject တစ်ခုအနေနဲ့ကြည့်ရမှာပါ။ မေးခွန်းတော်တော်များများက Leetcode နဲ့ Hackerrank မှာရှိပါတယ်။ စလေ့လာမယ်ဆိုရင်တော့ Neetcode ကိုညွန်းပါတယ်။ ဒီ Interview တွေကို FAANG တို့ ကုမ္ပဏီအကြီးတွေ ၊ Enterprise Company အကြီးတွေမှာမေးလေ့ရှိပါတယ်။ အဲဒီကုမ္ပဏီတွေမှာရချင်ရင်တော့ အဲဒါတွေကို အချိန် လနဲ့ချီပြီး လေ့လာပြီးမှ သွားလျှောက်သင့်ပါတယ်။

နောက်တခုက  အဓိက Pressure တစ်ခုက ကိုယ်လုပ်နေသမျှကို Interviewer ကမြင်နေရမှာဆိုတော့ Stress တော်တော်ရှိပါတယ်။ တချို့  Take Home မှာအဆင့်ပြေပေမယ့် ဒီလိုမေးရင် အဆင်မပြေတာရှိသလို တချို့ကလည်း Take Home ဆိုရင် အစွမ်းမပြနိုင်တာလည်းရှိတက်ပါတယ်။ ကိုယ်ဘက်က ပြင်ဆင်ထားရမှာက မကြောက်ပဲနဲ့  Communicate လုပ်ပြီးမေးစရာရှိတာမေးပြီး ရေးရင်းဖြေသွားဖို့ပါပဲ။

လေ့ကျင့်ရန်

Leetcode နှင့် HackerNews ရှိ test များကိုဖြေဆိုခြင်း

Technical Interview and System Design

ပုံမှန်အားဖြင့် Technical Interview ဆိုတာက ကိုယ်လုပ်ခဲ့တဲ့ Experience တွေကိုရှင်းပြရတာပါ။ ဘာ framework တွေ language တွေ ဘယ်လို database တွေသုံးပြီး scale up လုပ်ခဲ့ရတာတွေလဲ စသဖြင့် ကိုယ်ဖြေတဲ့ပေါ်မှာမူတည်ပြီးတော့ မေးလေ့ရှိပါတယ်။ တော်တော်များများကတော့ Open Ended Question တွေပါ ၊ အဖြေတခုထဲရယ်လို့တော့မရှိပါဘူး။ ကိုယ်လုပ်ဖူးတဲ့ အတွေ့အကြုံကို သေချာရှင်းပြနိုင်ဖို့လိုသလို ၊ အားနည်းချက်တွေကိုလည်း သုံးသပ်နိုင်ဖို့လိုပါတယ်။ များသောအားဖြင့် CV ထဲမှာ မလုပ်ဖူးပဲ ဖောပြီးလျှောက်ထည့်ထားသလား ၊ တကယ်လုပ်ဖူးသလားဆိုတာက လုပ်ဖူးတဲ့သူက မေးကြည့်ရင်ပေါ်ပါတယ်။ အဲဒါကြောင့် ရိုးသားဖို့တော့လိုပါတယ်။  

System Design ကတော့ အင်မတန်ကျယ်ပြန့်သလို သက်သက်လေ့လာရမယ့် Subject တစ်ခုဖြစ်သွားပါပြီ။ အဲဒီအတွက် Hussien Nassar နဲ့ Alex Wu တို့ကိုညွန်းပါတယ်။ ရံဖန်ရံခါလည်း Netflix တို့ Uber တို့လိုကုမ္ပဏီအကြီးတွေရဲ့  Engineer Blog တို့ဘာတို့လည်း ဖတ်ကြည့်နိုင်ရင် ပိုကောင်းပါတယ်။

Miscellaneous

ဒါတင်ပဲလားတော့မဟုတ်ပါဘူး ၊ Developer တွေဟာ တခြားသော Employee တွေလိုပဲ Recruiter တွေ ဘက်က Behavioural Interview Question တွေမေးခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အခက်အခဲကြုံရင် ဘယ်လိုဖြေရှင်းလဲလို့ ၊ အထက်လူကြီးနဲ့ အဆင်မပြေရင် ဘယ်လိုလုပ်မလဲ ၊ စသဖြင့်စသဖြင့်တွေပါ။ ဒါတွေကလည်း အကျယ်ချဲ့ပြောရင် အများကြီးဖြစ်နိုင်လို့  အကြမ်းဖြင်းအားဖြင့် ကိုယ်သိချင်တဲ့ Topic ကိုမူတည်ပြီး Youtube နဲ့ တခြား forum တွေမှာရှာကြည့်နိုင်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ Life After Layout ဆိုတဲ့ Youtube Channel ကိုသဘောကျပါတယ်။ သူကိုယ်တိုင်ကလည်း Coporate က HR လိုမျိုးလုပ်လာခဲ့ပြီး ကုမ္ပဏီအကြီးတွေက ဘယ်လိုစဉ်စားလဲ Insight တွေကို သူ့ video တွေမှာသိနိုင်ပါတယ်။

နောက်အရေးကြီးတဲ့ တစ်ချက်ကတော့ ပွဲမဝင်ခင် အရင်ကကျင့်ဆိုသလိုပဲ ၊  Interview မဖြေခင် အလုပ်မလျှောက်ခင်ကတည်းက ကိုယ့်သူငယ်ချင်းတွေနဲ့ စုပြီး Mock Interview လုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်မယ် စိတ်ကူးရင်တော့ အင်္ဂလိပ်လို mock interview လုပ်တဲ့ website တွေရှိပါတယ်။ တချို့က အခကြေးငွေနဲ့ဆိုပေမယ့် တချို့က အခမဲ့ပါ။

နောက်အဆုံးသတ်ပြောချင်တာက အလုပ်ရှာတဲ့ ဖြစ်စဉ်တစ်ခုလုံးက Agile Process တစ်ခုလို့ မှတ်ယူထားရင် ကောင်းပါတယ်။ အချိန်ကာလတစ်ခုရောက်တိုင်း ကိုယ့် resume ၊ ကိုယ့်ဖြေခဲ့တဲ့ Interview အဖြေတွေ ၊ ကိုယ်သိထားတဲ့ Skillset တွေ ကို ပြန်လည်သုံးသပ်ပြီး တိုးတက်အောင် လုပ်နိုင်ရင် တချိန်ချိန်မှာတေ့ အလုပ်ရလာမှာပါ။ ယုံကြည်ဖို့နဲ့ လုပ်ဆောင်ဖို့ပဲ လိုပါလိမ့်မယ်။

Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K