Developer အင်တာဗျူးအတွေ့အကြုံ (၁)

စင်္ကာပူရောက်ကတည်းက အခုလက်ရှိ ကုမ္ပဏီမှာအလုပ်လုပ်နေတာ (၈)နှစ်ပြည့်တော့မယ်။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြောင်းဖို့ဖြစ်လာတော့ အလုပ်အသစ်ရှာဖို့အတွက် ပြင်ဆင်ရတော့တယ်။

Developer အင်တာဗျူးအတွေ့အကြုံ (၁)
Photo by Markus Winkler / Unsplash

၈ နှစ်အတွင်း Developer တစ်ယောက်အတွက် interview process တွေက အများကြီး ပြောင်းလဲသွားတယ်။ အရင်တုန်းကဆိုရင် Resume လေးတင်၊ ကုမ္ပဏီက သဘောကျရင် လူတွေ့ပြီးတော့ ခန့်လိုက်တာများတယ်။ အခုကျတော့ အဲ့ဒီလိုမဟုတ်တော့ဘူး၊ Junior တွေအတွက်တော့ မပြောတတ်ပေမယ့် Senior Developer တော်တော်များများ Interview process အဆင့်ဆင့်ဖြစ်ကုန်ပြီ။ အခုက ကျွန်တော့် လတ်တလော အလုပ်လျှောက်နေတဲ့ Experience တွေကို ပြန်မျှဝေချင်တာကြောင့်လည်းပါတယ်။

Resume / CV

အလုပ်စလျှောက်တော့မယ်ဆိုရင် Resume က မရှိမဖြစ်ပဲ။ ဒီ position အတွက် အလုပ်လျှောက်တဲ့တဲ့သူတွေ အများကြီးထဲက shortlisted ဖြစ်ဖို့ဆိုရင် Resume ကောင်းကောင်းရှိဖို့က အရေးကြီးတယ်။ Resume ထဲမှာ အဓိကအနေနဲ့ နာမည်၊ လက်ရှိ position နဲ့  profile အကျဉ်းလိုမယ်။ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း၊ ကျွမ်းကျင်တဲ့ နည်းပညာတွေနဲ့ ဆက်သွယ်လို့ရမယ့် လိပ်စာ ဖုန်းနံပါတ်တွေပါမယ်။  

အဲ့ဒီနေရာမှာမှ လုပ်ငန်းအတွေ့အကြုံက အရေးအကြီးဆုံးပဲ။ ကိုယ်လုပ်နေတဲ့၊ လုပ်ခဲ့တဲ့ job position နဲ့ ကိုယ်တာဝန်ယူခဲ့ရတဲ့ အရာတွေကို အချက်အလက်ကျကျ ရေးပြနိုင်ဖို့လိုတယ်။ အလုပ်ခေါ်တဲ့သူက သူတို့လိုချင်တဲ့ position requirement နဲ့ ကိုယ့် job experience နဲ့ ကိုက်ညီမှုရှိရင် shortlisted ဖြစ်ဖို့ အခွင့်အပေးပိုများတယ်။ Resume ကို အကောင်းဆုံးကတော့ PDF နဲ့တင်တာအကောင်းဆုံးပဲ။ တစ်ချို့ Microsoft Docx နဲ့တောင်းတဲ့ ကုမ္ပဏီတွေရှိတယ်၊ အဲ့ဒါတော်တော်များများက agent တွေများတယ်။ လိုအပ်မယ်ထင်ရင် Google docs သုံးပြီးတော့ Docx version ပြန်ထုတ်ထားပေါ့။ Resume.io လိုမျိုး Website သုံးလို့ရသလို ကျွန်တော်ကတော့ Canva သုံးပြီးတော့ Resume ရေးတယ်။

Introductory Interview

Shortlisted ဖြစ်ပြီဆိုရင် အရင်ဆုံး ရွေးချယ် ခံရကြောင်း email ရမယ်၊ အဲ့နောက်မှာ first interview အတွက် ဘယ်အချိန်အဆင်ပြေလဲ မေးလိမ့်မယ်။ ပုံမှန်အားဖြင့် ပထမဆုံး အင်တာဗျူးတွေကတော့ Online call တွေများတယ်။ Zoom, Google Meet, Microsoft Team အစရှိသဖြင့်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြမယ်။ ကိုယ့်အကြောင့် introduce လုပ်တဲ့အခါ အရှည်ကြီးပြောပြဖို့မလိုဘူး။ နာမည်၊ လက်ရှိ position နဲ့ ဘယ်လိုမျိုးတွေကို တာဝန်ယူလုပ်နေရတယ်၊ ဘယ်လိုအရာတွေကို passionate ဖြစ်တယ်ဆိုတာကိုပြောရင် လုံလောက်တယ်။ အသေးစိတ်အချက်အလက်က Resume ထဲမှာပါထားပြီးသားဆိုတော့ အကုန်လုံးပြန်ပြောနေဖို့မလိုဘူး။ Interviewer ကတော့ သူတို့ကဘာတွေလုပ်တယ်၊ ဒီ position က ဘယ်လိုမျိုး၊ ဘယ်လိုတာဝန်တွေရှိမလဲ အစရှိသဖြင့်ပြောပြမယ်။

အဲ့နောက်မှာ သူတို့က ကိုယ်လုပ်ဖူးတာတွေနဲ့ ပတ်သတ်ပြီးတော့ မေးခွန်းအနည်းငယ်မေးမယ်၊ ဒီလိုမျိုလုပ်ဖူးလား၊ အဲ့ဒီ နည်းပညာကို အသုံးပြုဖူးလား အစရှိသဖြင့်ပေါ့။ အဲ့နေရာမှာ ကိုယ်က သေချာမသိပဲနဲ့ သိပါတယ်လို့ သွားမပြောမိပါစေနဲ့။ Interviewer တော်တော်များများက သူတို့မေးလိုက်သမျှကို ရေးမှတ်ထားတတ်ကြတယ်။ အကယ်လို့ ကိုယ်မသိတာကို သိတယ်လို့ပြောလိုက်တယ်ဆိုရင် အဲ့ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ မေးခွန်းမေးလာတဲ့အခါ ကိုယ့်အတွက် အကြပ်ရိုက်သွားနိုင်သလို impression လဲကျသွားပါလိမ့်မယ်။ သိရင် သိတယ်၊ မသိရင် မသိဘူး။  အကယ်လို့ အနည်းအကျဉ်းလောက်လေ့လာဖူးတယ်ဆိုရင် လေ့လာဖူးတယ်၊ ဒါပေမယ့် production မှာမသုံးဖူးဘူးဆိုတာကို ပြောပြဖို့လိုမယ်။ ပြောရရင်တော့ အကယ်လို့ အခွင့်အပေးပေးလာခဲ့ရင် လုပ်နိုင်တယ်ဆိုတာ သိသွားရင်ရပြီ။ ကိုယ်လုပ်နိုင်သမျှတွေက သူတိုလိုချင်တဲ့ job requirement တွေနဲ့ ကိုက်ညီနေရင် အဆင်ပြေပြီ။

အဲ့ဒါပြီးရင် ကုမ္ပဏီအကြောင်း ဘယ်လောက်သိသလဲမေးမယ်။ အလုပ်ရှာနေတဲ့သူတစ်ယောက်က ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီနဲ့ပတ်သတ်ပြီး အနည်းအကျဉ်းတော့ သိထားသင့်တယ်။ ဘယ်တွေလုပ်တယ်။ ဘယ်လို product တွေရှိတယ် အစရှိသဖြင့်ပေါ့။ ပိုပြီးတော့ သိထားနိုင်လေ ပိုအကျိုးရှိလေပဲ။ အကယ်လို့ ကိုယ်က မမှတ်မိနိုင်ဘူးဆိုရင် Note လေးဖြစ်ဖြစ် ချရေးထားတာမျိုး လုပ်တာပို အကျိုးရှိတယ်။

နောက်မေးတတ်တဲ့မေးခွန်းတွေက လက်ရှိလစာတို့၊ လစာ ဘယ်လောက်မျှော်လင့်လဲတို့၊ ဘယ်လောက်ကြာမှ စပြီး လုပ်ငန်းခွင်ဝင်နိုင်မလဲတို့၊ ဘာကြောင့် အလုပ်ပြောင်းချင်တာလဲတို့ အစရှိသဖြင့်ပေါ့။

Interviewer ဖက်က မေးတာတွေပြီးသွားရင်တော့ သူတို့ကို ဘာမေးစရာရှိသလဲလို့ မေးပါလိမ့်မယ်။ ဘာမှမရှိဘူးဆိုတာထက် အဲ့ဒီ position နဲ့ပတ်သတ်ပြီး ဘာတွေလုပ်ရမလဲ၊ ဘယ်သူတွေနဲ့တွဲလုပ်ရမလဲ။ Team size ဘယ်လောက်ရှိတယ်၊ ဘယ်လိုတွေ အလုပ်လုပ်နေကြသလဲ ပြန်မေးဖြစ်အောင်မေးပါ။ အဲ့ဒီအခါကျရင် သင်ဒီအလုပ်အပေါ် ဘယ်လောက် စိတ်ဝင်စားသလဲဆိုတာကို ပြနိုင်တဲ့အပြင် ကိုယ်လုပ်ရမယ့် လုပ်ငန်းဝင်နဲ့ပတ်သတ်ပြီးလဲ ပိုပြီးတော့ နားလည်နိုင်ပါတယ်။

အဲ့ဒါမျိုးတွေ ပြင်ဆင်ထားမယ်ဆိုရင်တော့ First interview  အဆင်ပြေပြေနဲ့ ပြီးသွားမှာပါ။

ဆက်ပါအုံးမယ်။

Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris